Tuesday, September 2, 2025

Sikhism / Shikism

 ဆစ်ခ် ဘာသာရေး စာပေများ ] 



Sikhism is an Indian religion and philosophy that originated in the Punjab region of the Indian subcontinent around the end of the 15th century CE. It is one of the most recently founded major religions and among the largest in the world with about 25–30 million adherents, known as Sikhs.

For more information :  https://en.wikipedia.org/wiki/Sikhism


ဆစ်ခ်ဘာသာသည် ၁၅ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခဲ့သူမှာ ဂုရု နာနာ့ဗ် ဒပ်ဗ် ဖြစ်ပြီး သူမှစ၍ နောက်ထပ် ဂုရု ၁၀ ယောက်တိုင်အောင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဆစ်ခ်ဘာသာ ဆိုင်ရာ နောက်ဆုံးဟောပြောခဲ့သူမှာ ဂုရုဂိုဘင်ဒ် ဆင်းဂ်ဖြစ်ပြီး ဆက်လက်၍ ကိုးကွယ်ရန် ဘာသာရေးကျမ်းမြတ်ဖြစ်သော ဂုရု ဂရန့် ဆာဟစ် ဂျီ အား ဂုရုအဖြစ်တင်မြှောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရား ဖြစ်ပြီး ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိသည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်မှာ ကမ္ဘာပေါ်တွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံးဒေသ ဖြစ်သည်။

ဆစ်ခ်ဘာသာဝင်တို့ အနေနှင့် သူတော်စင် စစ်သည်တော် စိတ်ဓာတ်ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ လူတစ်ယောက်အနေနှင့် မိမိတို့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိဘာသာ ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ဂုရု ဂရန့် ဆာဟစ်မှ ရှင်းလင်း ဟောကြားခဲ့သော စင်ကြယ်မှုများနှင့် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဟု ပြဋ္ဌာန်းထားသည်။ ဆစ်ခ်တို့အနေနှင့် မတရားသဖြင့် ဖိနှိပ်ခံရသူတို့ အား ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဇာတ်နိမ့် ဇာတ်မြင့် မရွေး၊ ယုံကြည်သက်ဝင်မှု မရွေး မည်သူ့အား ဖြစ်စေ အကာအကွယ် ပေးနိုင်ရန် အတွက် သတ္တိရှိရမည်ဟု ပြဋ္ဌာန်းထားသည်။


ဂုရု (၁၀) ပါး


ဂုရု နာနာက် ဒေဝ (Guru Nanak Dev )
ဂုရု အာမာ ဒဿ (Guru Amar Das )
ဂုရု အန္ဂာဒ် ဒေဝ(Guru Angad Dev )
ဂုရု ရံ ဒဿ(Guru Ram Das )
ဂုရု အာယန် ဒေဝ ( Guru Arjan Dev )
ဂုရု ဟာ ဂေါဗိန္ဒ (Guru Har Gobind )
ဂုရု ဟာ ရာဣ (Guru Har Rai)
ဂုရု ဟာ ကရိရှန် (Guru Har Krishan)
ဂုရု တေဃ ဗဟာဒူရ် (Guru Tegh Bahadur)
ဂုရု ဂိုဘင်ဒ် ဆင်းဂ် (Guru Gobind Singh )

ဆစ်ခ်ဘာသာမှ ပညတ်ချက်များ


ဆံပင်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရာ၏: ဘုရားသခင်၏ တုနှိုင်းမဲ့ဖန်တီးမှုကို လေးစားသောအားဖြင့် မိမိတို့ ဆံပင်ကို ဖြတ်ညှပ်ခြင်း မပြုပဲ သဘာဝ အတိုင်း သန့်ရှင်းစွာ မွေးမြူရာ၏။

မူးယစ်သေစာသုံးစွဲခြင်းမှ ရှောင်ကြဉ်ရာ၏: အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆစ်ခ်ဘာသာတရား၏ "ဆစ်ခ် ရာဟစ် မာယာဒါ" အရ တားမြစ်ထားသော အခြားသောမူးယစ်စေတတ်သောအရာမှန်သမျှကို ရှောင်ကြဉ်ရာ၏။ 

အသားစားခြင်းမှ ရှောင်ကြဉ်ရာ၏: ရှင်ပြုပြီးသည်ဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ၊ ဆစ်ခ်လူမျိုးတိုင်းသည် အသားစားခြင်းမှ (အထူးသဖြင့် ဟလာ နည်းဖြင့် လည်လှီးသတ်ဖြတ်ထားသော အသားများ)ကို ရှောင်ကြဉ်ရာ၏။



 

 [ ဆစ်ခ်ဘာသာ အ‌ကြောင်း ရေးသားချက် ]  [ဖတ်ရှုရန်]



 [ဖတ်ရှုရန်] [PDF File]




 


No comments:

Post a Comment