Tuesday, September 2, 2025

Judaism / Jewish

 [ ဂျူး ဘာသာရေး စာပေများ ] 




Judaism (Hebrew: יַהֲדוּת‎, romanized: Yahăḏūṯ) is an Abrahamic, monotheistic, ethnic religion that comprises the collective spiritual, cultural, and legal traditions of the Jewish people.  Religious Jews regard Judaism as their means of observing the Mosaic covenant, which they believe was established between God and the Jewish people.  The religion is considered one of the earliest monotheistic religions. 


ဂျူးဘာသာ [Judaism]


ဂျူဒါအစ်ဇင် (လက်တင်ဘာသာတွင် လူဒါအစ်မတ်စ်မှ ၊ ဂရိဘာသာတွင် လောက်ဒါအစ်မောစ့်(Ιουδαϊσμός Ioudaïsmos )နှင့် ဟီဘရူးဘာသာတွင် (יהודה ) ရဟုဒယုဒ သည်တန်နက် ဟု သိရှိထားသည့် ဟီဘရူးသမ္မာကျမ်း စာမှ ဆင်းသက်လာသော ယုံကြည်ခြင်းများနှင့် ဝတ်ပြုကိုးကွယ်ခြင်း ပုံစံတစ်ခုဖြစ်သည်။

တယ်မွတ် ကဲ့သို့သော နှောင်းပိုင်း ကျမ်းစာအုပ်များတွင် လေ့လာစူးစမ်းတွေ့ရှိခဲ့သည်။ ဂျူးလူမျိုးများ သည် ဂျူဒါအစ်ဇင်ကို ဘုရားသခင် ဖန်ဆင်းထူထောင်ပေးခဲ့သည့် အစ္စရေးကလေးငယ်များနှင့် ပိုင်ဆိုင်မှုတော်စပ် ခြင်း၏ ဖော်ပြချက်အဖြစ် မှတ်ယူထားသည်။ အစ္စရေးကလေးငယ်များသည် မူလအစအနေဖြင့် သမ္မာကျမ်းစာ ပါ ဘိုးဘေးဖြစ်သော ပက်ထရီအတ် ဂျက်ကော့ဘ် မှ ဆင်းသက်လာသည့် မျိုးနွယ်စု ဆယ့်နှစ်အုပ်စုဖြစ်သည်။ နောက်ပိုင်းတွင် ဂျူးလူမျိုးဖြစ်လာသည်။ 

ဂျူဒါအစ်ဇင်သည် နှစ်ပေါင်း ၃၀၀၀ ကျော် ထက်ကြာမြင့်စွာ သမိုင်းစဉ်ဆက်ရှိနေသည်ဟု ဆိုထားသည်။ ဂျူးဘာသာ သည် ရှေးအကျဆုံးသော ဘာသာရေးများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ယနေ့ထက်တိုင် ရှင်သန်လျက်ရှိ သည်။ သက်တမ်းအရင့်ဆုံးသော ဘာသာဖြစ်သည်။ 

ယင်းဘာသာ၏ အဆိုအမိန့်များ၊ ရိုးရာများနှင့် တန်ဖိုးထားရှိမှုတို့သည် ခရစ်ယာန်၊ အစ္စလာမ်နှင့် ဘဟေးယုံကြည်မှုတို့ အပါအဝင်နောက်ပိုင်း အေဗရာဟင်ဘာသာ ရေးများကို ဖန်တီးပေးခဲ့သည်။ များစွာသော ဂျူးဘာသာ၏သွင်ပြင်လက္ခဏာများသည် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ၊ အနောက်တိုင်း လူမှုကျင့်ဝတ်များနှင့် မြို့ပြဥပဒေများအပေါ် လွှမ်းမိုးခဲ့ သည်။

ဂျူဒါအစ်ဇင်သည် တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်ယုံကြည်သည်ဟု ယေဘုယျအားဖြင့် ထင်မြင်ယူဆရသည်။ သို့သော် အမြဲတစေမဟုတ်သော်လည်း သဘောတရားအရ ခိုင်မာသည်။ ဥပမာအားဖြင့် တစ်ဆူတည်းသော ဘုရားကို ယုံကြည် ကိုးကွယ်မှုကို အစဉ်အမြဲလိုက်နာကျင့်သုံးခြင်း မရှိခဲ့ပါ။ ရှေးခေတ် အစ္စရေးများတွင် အခြားသော ဘုရားများအပေါ် ကိုး ကွယ်မှု ပျံ့နှံ့လာသည်ကို ဂျူးသမ္မာကျမ်းစာ (တန်နက်) တွင် မှတ်တမ်းတင်ထားခြင်းများ ထပ်ခါ တစ်လဲလဲပြစ်တင်ကြိမ်းမောင်းထားခြင်းများတွေ့ရသည်။ ဂရိ-ရောမ ခေတ်တွင် ခရစ်ယာန်သာသနာ ပေါ်ပေါက်လာခြင်းအထိ ပြန်ဆိုရေးသားခဲ့မှုများ အပါအဝင်များစွာသော ကွဲပြားနေသည့် ပြန်ဆိုရေးသားမှုများ ဂျူဒါအစ်ဇင်တွင် ရှိနေခဲ့သည်။ 

မျက်မှောက်ကာလများတွင် အချို့ပျော့ပြောင်းသော ဂျူးလုပ်ရှားမှု အဖွဲ့များ ပြောဆိုထိန်းသိမ်းထားသည်မှာ ဂျူးသမ္မာကျမ်းစာသည် လူသားစာရေးသူများမှ ရေးသားခဲ့ခြင်း ဖြစ်ပြီး သမိုင်းတွင် လှုပ်ရှားဆောင်ရွက်ခဲ့သော လူအဖြစ်တင်စားသုံးနှုန်းသော နတ်ဘုရား၏ ဖြစ်တည်မှုကို လက်မခံကြပေ။ ဂျူးသမိုင်း တစ်လျှောက် တွင် ပညာရှင်များသည် ဂျူဒါအစ်ဇင်၏အနှစ်သာရ ပို့ချချက်များကို များစွာသော နည်းနာများအဖြစ် အဆိုပြုခဲ့ကြပြီး ယင်းနည်းနာများအားလုံးသည် ဝေဖန်မှုများနင့် ကြုံတွေ့ခဲ့သည်။ အများဆုံးထင်ပေါ်သည့်နည်းနာမှာ ဆယ့်နှစ်ရာစုနှစ်တွင် ပေါ်ထွန်းခဲ့သည့် မိုင်မိုနိုက် ၏ ယုံကြည်မှုအခြေခံသဘောတရားဆယ့်သုံးချက် ဖြစ်သည်။ 

မိုင်မိုနိုက်၏ အဆိုအရ ယင်းအခြေခံသဘောတရားများအထဲမှ တစ်ခုမဟုတ် တစ် ခုကို ပစ်ပယ်သည့် ဂျူးလူမျိုးတစ်ယောက်ယောက်သည် အယူဝါဒစွန့်လွှတ်သူ ၊ ဘာသာဆန့်ကျင်သူအဖြစ် သုံးသပ်မည်။ သို့သော်လည်း မိုင်မိုနိုက်ရောသူနှင့်ခေတ်ပြိုင်များပါဤအခြေခံသဘောတရားများသည်ဂျူးလူမျိုးအားလုံး၏ယုံကြည်မှုကိုမလွှမ်းခြုံနိုင်ဟုရှုမြင်ထားပြီးဂျူဒါအစ်ဇင်၏ကျမ်းဂန်အနှစ်သာရဖော်ပြချက်သက်သက်မျှသာ ဖြစ်သည်။ အခြားသော ဂျူးပညာရှင်များသည် မိုင်မိုနိုက်၏ အခြေခံသဘောတရားများမှ အနည်း ငယ်ခွဲထွက်သည့် ရှုထောင့်အမြင်များကို လက်ကိုင်ထားကြသည်။


ဂျူးလူမျိုးများ

ဂျူးတွေ ဘယ်ကစတာနဲ့ဆိုတာနဲ့ ပတ်သတ်ပြိးတော့ အငြင်းပွားမှုတွေကတော့ လက်ရှိချိန်ထိရှိနေဆဲပါ။ ရှေးဟောင်းကျမ်းစာများအရတော့ ဂျူးတွေရဲ့အစဟာ တမန်တော်ကြီး‌ အေဘရာဟင်ကနေစတာပါ။ အေဘရာဟင် ဟာ ကနဦးက မက်ဆိုပိုတေးမီယားဒေသရှိ "အားမြို့တော်" မှာ နေထိုင်ခဲ့ပါတယ်။ အေဘရာဟင်ရဲ့ သက်တော် ၁၉နှစ်မှာ ဘုရားသခင်က တမန်တော်အဖြစ်ရွေးချယ်ပြီး အမိန့်တော်ချပေးခဲ့ပါတယ်။ ၎င်းမှာ အေဘရာဟင်အား လက်ရှိဒေသကို စွန့်ခွာကာ ကနန်ဒေသ ကိုပြောင်းရွေ့အ‌‌ခြေချစေကာ ၎င်းဒေသမှာနိုင်ငံသစ်ထူထောင်စေပါတယ်။ ထိုအခါ အေဘရာဟင်နဲ့ မိသားစုများက ပြောင်း‌ရွေ့ခဲ့ပါတယ်။

သို့သော် နှစ်များစွာကြာပြီးနောက် အေဘရာဟင်ရဲ့ မြေးတော့ ယာကုဘ် လက်ထက်မှာတော့ အစာရေစာရှားပါးပြတ်လတ်မှုကြောင့် ယာကုဘ်က သူရဲ့မိသားစု သားတော်၁၂ယောက်နဲ့အတူ အီဂျစ်အင်ပါယာရဲ့ တောင်ပိုင်းမှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အီဂျစ်သို့ စစရောက်ချင်းကတော့ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ ဂျူးလူမျိုးတွေဟာ အီဂျစ်ဖာရိုဘုရင်ရဲ့ ရက်စက်စွာကျွန်ပြုခြင်းကို ခံခဲ့ရပါတယ်။ အဲအချိန်မှာဘဲ ဟီဘရူး (ဂျူး) မိသားစုမှ တမန်တော်မောဆက်ကို ဖွားမြင်တော်မူပြီး သူ့ရဲ့ မိခင်က နိုင်းမြစ်မှာမျှောလိုက်ပါတယ်။ အကြောင်းရင်းက ထိုအချိန်မှာ ဖာရိုဘုရင်ကြီးက မွေးဖွားလာသမျှသော ဂျူးလူမျိုး သားယောက်ျားလေးများကို ဖမ်းယူသတ်ဖြတ်နေလို့ပါ။ ဒီလိုနဲ့ မောဆက်ကိုမျှောလိုက်တာ ဖာရိုဘုရင်ရဲ့ မိဖုရားဆီရောက်သွားပြီး မိဘုရားကြီးက မွေးစားလိုက်ပါတယ်။ မောဆက်က အရွယ်ရောက်လာတဲ့အခါမှာတော့ သူကိုယ်တိုင် ဟီဘရူးလူမျိုးတွေကို ဦးဆောင်ပြီး ဖာရိုဘုရင်ရဲ့ရန်က ကာကွယ်ရန် ပင်လယ်နီကြီးနှစ်ခြမ်းခွဲကာ ဆိုင်နိုင်ကျွန်းဆွယ်ကို ကယ်တင်ခေါ်ဆောင်သွားပါတယ်။ ဆိုင်နိုင်တောင်တန်းပေါ်မှာပဲ မောဆက်ကို ထာ၀ရဘုရားသခင်က ပညတ်ချက်ဆယ်ပါး (Ten Commandments)ကို ပေးအပ်တော်မူခဲ့ပါတယ်။

ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျူးတို့ဟာ နိုင်ငံထူထောင်ပြီး အေးချမ်းစွာနေဖို့ ကြိုးစားသော်လည်း နေခွင့်မရခဲ့ပေ။ ‌နှစ်ပေါင်းများစွာကြာ ဂျူးတို့သည် လူမျိုးအသီးသီး၊ အင်ပါယာအသီးသီးတို့၏ ကျွန်ပြုခြင်းကို ခံခဲ့ရပါတယ်။ အဆီးရီးယန်းများနဲ့ ဘေဘီလုံနီယန်းတွေကတစ်မျိုး၊ ဂရိတို့ကတစ်ဖုံ၊ ရောမတွေက‌တစ်သွယ်၊ ပါရှန်၊ တူရကီအော်တိုမန်များ၊ အာရပ်များကတစ်နည်း တစ်လှည့်စီအုပ်စိုးခဲ့ကြပါတယ်။

ဖိနှိပ်မှုအမျိုးမျိုးနဲ့ ကျွန်ပြုမှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ဂျူးများရှိသလို ကျွန်အဖြစ်ရောင်းချခံခဲ့ရမှုကြောင့် ဥရောပအနှံ့ကို ဂျူးများ ပျံ့နှံ့သွားခဲ့ပါတယ်။  

ဂျူးတို့သည် နောက်ပိုင်းတွင် အစ္စရေးနိုင်ငံဟုခေါ်သည့် အစ္စရေးဟု ခေါ်ဝေါ်သောလူမျိုးစုများ တည်ထောင်ရန် Mesopotamia မှပြောင်းရွှေ့နေထိုင်ကြသည်။ သမ္မာကျမ်းစာအရ ဤရွှေ့ပြောင်းမှုနှင့် အခြေချနေထိုင်မှုသည် အာဗြဟံအတွက် အာဗြဟံနှင့် သူ၏သားသမီးများအတွက် လူသိများသော ယခုအချိန်တွင်အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်များအတွက် ဂုဏ်ပြုသော ကတိတော်အပေါ်တွင် ဘုရားသခင့်သေသေချာချာနှင့်သူ၏သားစဉ်မြေးဆက်တို့အား ကတိပေးခြင်းအပေါ် အခြေခံသည်။

ကျွန်ပြုခံရမှု၊ ဖိနှိပ်ခံရမှု၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှု များစွာကို ဖြတ်ကျော်ခဲ့ရသော်လည်း ယနေ့အထိ ဂျူးလူမျိုးများဟာ အင်အားကောင်းစွာနဲ့ နေနိုင်လျက်ရှိပါတယ်။

အင်အားကောင်းတဲ့ ဆိုတဲ့နေရာမှာ လူဦးရေများပြားတာကိုဆိုလိုတာမဟုတ်ပါဘူး။ လက်ရှိမှာ ဂျူးလူမျိုးဟာ ကမ္ဘာ့လူဦးရေရဲ့ 0.2%ခန့်သာရှိပြီး အရေအတွက် အားဖြင့် 14သန်းသာရှိသော်လည်း ကမ္ဘာ့စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ သိပ္ပံပညာ၊ အနုပညာနဲ့ စာပေ၊ ရုပ်ရှင်မှာပါ ဂျူးတို့ရဲ့ ဩဇာလွှမ်းမိုးမှုက အလွန်ပင်ကြီးမားလျက်ရှိပါတယ်။



 



 ဂျူး (ရဟူဒီ) ဘာသာ သမိုင်းအကျဉ်းချုပ်  




 



 အစ္စရေးကို ထူထောင်တဲ့ ဂျူးလူမျိုးများအကြောင်း




 


No comments:

Post a Comment