🌷🌹🙏 မေတ္တာသုတ် (ပါဠိ) 🙏🌹🌷
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဥ္ဇန္တော၊ ရတ္တိန္ဒိ၀ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဥ္စိ၊ ယေန ၀ိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ နဝသေသာ။ ဒီဃာ ၀ါ ယေဝ မဟန္တာ၊ မဇ္စျိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဋ္ဌာ ၀ါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဥ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။ မေတ္တဥ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဥ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဥ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။
🌷🌹🙏 မေတ္တသုတ် (မြန်မာပြန်) 🙏🌹🌷
၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သောအဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာ သုတ်ပရိတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်
၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိမ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို – သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။
၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်း လမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏။ ကိုယ် နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။ စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ သူတပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
၄။ ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။ နည်းပါးသော အမှုကိစ္စရှိရာ၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ငြိမ်သက်သော အိန္ဒြေရှိရာ၏။ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာတို့၌ တွယ်တာမက်မောမှု မရှိရာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊
ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန် သတည်း။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည် ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမ
ရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမ ငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊ မျက်စိ ဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှား ဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံ
သော သတ္တဝါတို့သည် ကိုယ် စိတ်နှစ်ဖြာချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူ ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှု ကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲ ချုပ်ချယ်သော ကာယကံ ဝစီကံ ဖြင့်လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုး ထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်း အတူသာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာ
စိတ်ကို ပွားစေရာ၏။
၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘဝတည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝ တည်းဟူသော အထက်လောက၌လည်းကောင်း၊ ဤလောကသုံးပါး
တို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ၊ အပဘေးရန်လည်းမရှိ၊ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို “မြတ်သောနေထိုင်ခြင်း” ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင် နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမ တို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက် တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။
သတ္တဝါ အနန္တ၊ ကမ္ဘာအနန္တ ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား မေတ္တာစိတ်ဖြင့် ဆက်ဆံပြီးလျှင် မေတ္တာဘာဝနာ ပွားများခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး အေးငြိမ်းချမ်းသာစွာနေထိုင်သွားနိုင်ကြပါစေ။
🌷🌹🙏 Metta Sutta 🙏🌹🌷"The Discourse on Loving-Kindness"
1. May no harm come to anyone, May no one face danger.
May those who practice loving-kindness
Be free from suffering, day and night.
2. May they sleep peacefully and happily. May they not do anything wrong.
With such qualities, Let us recite this protective teaching.
3. This is what should be done by one who wants peace:
Be kind, capable, and honest. Be gentle in speech, Humble, and not proud.
4. Be content and live simply. Don’t take on too many responsibilities.
Be calm, have self-control, And avoid being greedy or attached to status.
5. Don’t do anything that would upset wise people.
May all beings be happy and safe, May they live with peace in their hearts.
6. Whether they are weak or strong, Tall, short, large, small,
Seen or unseen, Near or far, born or yet to be born—
7. Let us wish happiness for all. Let us not hurt or look down on anyone.
May no one wish harm to another, Even when they are angry.
8. Just as a mother would protect her only child with her life,
Let us grow boundless love, For all beings everywhere.
9. Let this loving-kindness spread
Throughout the whole world— Upwards, downwards, and all around—
Without limits, without hatred, without fear.
10. Whether standing, walking, sitting, or lying down—
As long as you are awake— Keep this kindness in your heart.
This is the best way of living.
11. With a peaceful mind, free from wrong views,
With pure conduct and clear understanding, One who removes attachment to desires
Will not be born into suffering again.
12. This is the way to develop
A pure and boundless heart— A noble way of life
Taught by the wise.
Thus ends the Metta Sutta —
The Discourse on Loving-Kindness.
No comments:
Post a Comment