Tuesday, September 2, 2025

Buddhist literatures

[ ဗုဒ္ဓဘာသာ စာပေများ ] 

Buddhism, also known as Buddhadharma and Dharmavinaya, is based on teachings attributed to the Buddha, a wandering teacher who lived in the 6th or 5th century BC [BCE]. Two major extant branches of Buddhism are generally recognised by scholars: Theravāda (lit. 'School of the Elders') and Mahāyāna (lit. 'Great Vehicle'). The Theravada tradition emphasises the attainment of nirvāṇa (lit. 'extinguishing') as a means of transcending the individual self and ending the cycle of death and rebirth (saṃsāra), while the Mahayana tradition emphasises the Bodhisattva ideal, in which one works for the liberation of all sentient beings. 








ဗုဒ္ဓဘာသာသည် ကိုးကွယ်ရာဘာသာတရား လည်းကောင်း၊ သင်ယူလိုက်နာကျင့်ကြံရာ 'ဓမ္မ' လည်းကောင်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော အယူဝါဒများ ဖြစ်၍ 'ဗုဒ္ဓဝါဒ' ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏သင်ကြားမှုများဟု အဓိပ္ပာယ်ရသော 'ဗုဒ္ဓသာသနာ' ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာတွင် ဂေါတမ ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများကို အခြေခံသည့် များစွာသော ရိုးရာဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများနှင့် ကိုးကွယ်မှုဆိုင်ရာများ ခြုံငုံပါဝင်သည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓအား သစ္စာ လေးပါးကို ကိုယ်တိုင်ထိုးထွင်းသိမြင်သူ အဖြစ်လည်းကောင်း တန်ခိုးရှင်ဘုရား အဖြစ်လည်းကောင်း အဝိဇ္ဇာနှင့် တဏှာကို ပယ်သတ်ပြီး သံသရာဒုက္ခမှ လွတ်မြောက်ဖို့အတွက် လမ်းညွှန်ပြသပေးသည့် ဉာဏ်အလင်းပွင့်သူ ဆရာသခင် အဖြစ်လည်းကောင်း မှတ်ယူကြသည်။ ဗုဒ္ဓဘာသာဝင်များသည် သစ္စာ လေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နားလည်ခြင်းအားဖြင့် ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။


ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကို လေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်၊ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျသည့် ဘာသာ ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှု သဘောတရားများ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ်တွင် အတတ်လည်းသင်ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပအတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု အဆိုရှိသည်။

ဗုဒ္ဓဘာသာတွင် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ (ထေရ်ကြီးဝါကြီးများမှတဆင့် ဆက်ခံသည့်ဝါဒ) နှင့် မဟာယာန ဗုဒ္ဓဘာသာ (ကြီးမားသည့်ယာဉ်) ဟူ၍ ကိုင်းခွဲ နှစ်ခုရှိသည်။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် အဓိက ရည်မှန်းချက်ပန်းတိုင်မှာ မဂ္ဂင် ရှစ်ပါးကို ကျင့်ကြံခြင်းဖြင့် ဘဝသံသရာစက်ဝန်းက လွတ်မြောက်ပြီး အပြီးသတ်အေးငြိမ်းမှု နိဗ္ဗာန်ကို ရရှိရန်ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာအား သီရိလင်္ကာနှင့် အရှေ့တောင်အာရှတွင် ကျယ်ပြန့်စွာ တွေ့ရှိရသည်။

မဟာယာန ဗုဒ္ဓဘာသာတွင် သန့်စင်မြေ ဗုဒ္ဓဘာသာ၊ ဇင် ဗုဒ္ဓဘာသာ၊ နီချီးရန်း ဗုဒ္ဓဘာသာ၊ ရှင်ဂုံ ဗုဒ္ဓဘာသာနှင့် တီအန်တိုင် ဗုဒ္ဓဘာသာစသည်တို့ ပါဝင်ပြီး အရှေ့အာရှ တစ်ဝှမ်းတွင် ပျံ့နှံ့ တည်ရှိသည်။ မဟာယာနတွင် နိဗ္ဗာန်အစား ဗောဓိသတ္တ အဖြစ်မှတဆင့် သံသရာစက်ဝန်းအတွင်းနေထိုင်ပြီး အခြားသူများ ဉာဏ်အလင်းပွင့်ဖို့ရာ ကူညီပေးမည့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိရန် ဦးတည်သည်။

ထေရဝါဒ နှင့် မဟာယာန

(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။

(၃) မဂ္ဂင်ရှစ်ပါးလမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။

(၆) အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။ ထေရဝါဒက ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒ ဆိုတာ ရဟန္တာ ဖြစ်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး၊ မဟာယာန ကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း၊ ဘုရား၏ မိခင်၊ ဖခင်အစုံဖြစ်သည်။ မဟာယာနမှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ်၊ သကဒါဂမ်၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည်။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။

🌷🌹🙏 မေတ္တာသုတ်  🙏🌹🌷  ၊ ပါဠိ ၊ မြန်မာ ၊ English ၊ 



မေတ္တာသုတ်ရွတ်ဆိုရန် ပါဠိ ၊ မြန်မာ ၊ English (တို့ဖြင့် ဖတ်ရှုနိုင်ပါသည်)


*************************************



ဤကျမ်းစာအုပ်၌ ဖော်ပြပါရှိသည့်အတိုင်း 
သူ့အပိုင်းနှင့် သူ့အရွယ် ဟန်ချက်ညီညီ နေထိုင်ကျင့်ကြံသွားပါက 
“ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ဧကန်မုချ ဖြစ်နိုင်ပါသည်။ 

*************************************

#ပိဋကတ်မှဗုဒ္ဓနှင့်ဓမ္မ




*************************************

ပရိတ်ကြီး(၁၁)သုတ် (ပါဠိ၊ မြန်မာ)


*************************************

ကမ္မဋ္ဌာန်းကျမ်းကြီး


လယ်တီဆရာတော်ဘုရားကြီး 
ရေးသားစီရင်တော်မူအပ်သော


*************************************





*************************************


ဂျပန်နိုင်ငံရှိ ဘာသာရေးကျင့်သုံးမှု


*************************************

No comments:

Post a Comment