BURMESE FILMS

‌မြန်မ့ာရုပ်ရှင် ၊ ရုံတင်ဇာတ်ကားသစ်များနှင့် ၊ ဇာတ်ကားကောင်းများ

[ If you'd like to see Burmese / Myanmar Movies in English Subtitles, Enter Here ]


VPN အသုံးပြုရန်လိုအပ်ပါက VPN ဖြင့် ကြည့်ရှုပါ | Page Loading Time အတွက် အချိန်စောင့်ဆိုင်းပေးပါ


 ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီး [2023] Kan Kaung (Lucky)



သရုပ်ဆောင် ပိုင်တံခွန်

ကံကောင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ မြန်မာနိုင်ငံအပြင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရုပ်ရှင်ပြသခွင့်ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဒီရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုတွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်၊၊

၂ဝ၂၄ ခုနှစ်တွင် SEA International Film Festival 2024 ပွဲတော်၌ Best Producer Award၊ Best Director Award နှင့် Best Actor Award ဆုများ အသီးသီး ထပ်မံ ရရှိခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 ပွဲတော်တွင် ကံကောင်းရုပ်ရှင်ဇာတ်ကား ဆန်ခါတင်အဆင့်ထိ ရွေးချယ်ခံရခြင်းသည် ဆုရခြင်း/မရခြင်းထက် မြန်မာ့ရုပ်ရှင်လောက နှင့် ပါဝင်ထားသော အနုပညာဖန်တီးသူများအတွက် ဂုဏ်ယူဖွယ် အခိုက်အတန့်တစ်ခု ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်များက မှတ်ချက်ပြုထားကြသည်။






ငါမုန်းတဲ့အက္ခရာ [2023]



Ngar Mone Tae A Kha Ya  |  "The Letter I Hate" [2023]


💗အောင်ရဲလင်း၊ တိုင်ရွန်၊ ကျော်စု၊ စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါ 💗
နွဲ့နွဲ့စန်း၊ ဇင်မျိုး၊ နေလင်း၊ ဇော်ဇော်အောင်၊ ဟိန်းဇေ နှင့် သရုပ်ဆောင်များစွာ
ရုပ်ရှင်ရုံကြီးများတွင် 💢12-5-2023💢 ရက်နေ့မှာ စတင်ပြသခဲ့သည်။




One Upon A Time In Yangon [2023]


One Upon A Time In Yangon (တစ်ခါကရန်ကုန်မြို့ပြ) [2023]

ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ညိုမင်းလွင်နဲ့ သားထိုက်တို့က ရေးသားထားပြီးတော့၊

ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ လူမင်း ၊ တိုင်ရွန် ၊ ဘုဏ်းသိုက်၊ ညီထွဋ်ခေါင် ၊ စွမ်း ၊ ကောင်းမြတ်စံ ၊ အောင်လေး၊ မိုးဟေကို ၊ ဘေဘီမောင်၊ ဖုန်းသီရိကျော်၊ ထူးခြား ၊ မင်းခ၊ ဇွဲနိုင်ဝင်း တို့နဲ့ ၂၀၁၇ ခုနှစ်က အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ခုနှစ် မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖြစ်ပါတယ်။ 

Mahar Official YouTube Channel မှတဆင့် 1st/October/2025 တွင် စတင်တင်ဆက်ပြသထားပါသည်။





ကျမယောက်ျားကျားကျား [2023]



ကျမယောက်ျားကျားကျား [My Hubby, Kyar Kyar] [2023] #မြင့်မြတ်#အိချောပို #ခင်လှိုင်# 

ခေတ်သစ်အရုဏ်ဦးရုပ်ရှင်ထုတ်လုပ်ရေး | စီစဉ်သူ မျိုးကျော်ဦး

ဇာတ်လမ်း၊ ဇာတ်ညွှန်း – ညာလက်တော်နဲ့ မင်းကိုစိုး (နတ်သံကွင်း) က ရေးသားပြီး၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က စီစဥ်ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အိချောပို၊ ခင်လှိုင်၊ ဘုန်းလျှံ၊ ပွင့်နဒီမောင်၊ သီရတီ၊ ပန်းသီး၊ ရန်ပြေ(ကျော်ကြီး)၊ သီဟ၊ မင်းကိုစိုး၊ သူဇာပွင့်၊ ဇာခြည်လွင်၊ ယမင်းကျော်နဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။






ဝေးမနေချင်ဘူး [2022]


Way Ma Nay Gyin Bu ("I don't want to be far away") [2022]

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ၊ သရုပ်ဆောင် လူမင်း ၊ နေမင်း နှင့် ရွှေမှုံရတီ

၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ကို ‘ဝေးမနေချင်ဘူး’ ဇာတ်ကား၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားဖြင့် ရွှေမှုံရတီ ရရှိသွားပါသည်။

 



လိပ်ပြာထောင်ချောက် [2022]



လိပ်ပြာထောင်ချောက် | The Butterfly Trap [2022]
Director: Wyne
Cast:  Pyay Ti Oo ပြေတီဦး  |  Phway Phway ဖွေးဖွေး 
၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦး က  ‘လိပ်ပြာထောင်ချောက် ‘ ဇာတ်ကားဖြင့် ရရှိခဲ့သည်။  ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆုကို ကြည်သာက ‘လိပ်ပြာထောင်ချောက်’ ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ သည်။ 

Lucky Seven Entertainment မှတဆင့် Feb 1, 2024 တွင် စတင်တင်ဆက်ပြသထားပါသည်။



ကျော်ကြီးကချစ်တတ်တယ် [2022]


Kyaw Gyi Ka Chit Tat Tae [Kyaw Gyi in Love] 2022


 မြင့်မြတ် |  ခြူးလေး 


ကျော်ကြီး နှင်းမြဆိုတဲ့ မိန်းမနဲ့ မင်္ဂလာဆောင်နေရင်းမှာ....................... 




မိုက်မဲချစ် [2020]



Mite Mae Chit  [Reckless Love] | 2020 |


မြင့်မြတ်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ
ဇာတ်ညွှန်း - လွန်းထားထား
ဒါရိုက်တာ - ဇော်မျိုး(ခရေပုံပြင်





လိပ်ပြာစံအိမ် [2019]

The Only Mom  | 2019 |


The Only Mom (Burmese: လိပ်ပြာစံအိမ်, romanized: Lake Pyar San Eain) is a 2019 Burmese horror film starring Nine Nine, Wutt Hmone Shwe Yi, Daung and Pyae Pyae. The film, produced by Brave Empire Film Production, premiered in Myanmar on February 8, 2019 and became one of the highest-grossing Burmese films of the year. This film is exhibited in Myanmar, Singapore, Thailand, Vietnam, and other countries.

The Only Mom is widely regarded as one of the scariest horror films in Myanmar, earning positive reviews for its strong performances, cinematography, sound design, and background music. The movie generated significant box office success, earning MMK 100 million within nine days of its release and becoming the highest-grossing Burmese film of the year. To date, it has grossed $4.8 million worldwide, solidifying its status as a commercially successful Burmese production.





ဒဏ္ဍာရီမိုး [2019]



Dan Dar Yee Moe [Legendary Rain] (2019)


ရဲတိုက်၊ ဒေါင်း၊ ဝတ်မှုံ‌ရွှေရည်
ဒါရိုက်တာ - ဝင်းလွင်ထက်
Art Director - သြရသ
ဇာတ်လမ်း ၊ ဇာတ်ညွှန်း - မိုးနီလွင်
Director of Photography - အာကာတိုး





ထာ၀ရနှောင်ကြိုး [2019]


Now & Ever [2019]

ထာဝရနှောင်ကြိုး (အင်္ဂလိပ်: Now & Ever) သည် ဒါရိုက်တာ ခရစ္စတီးနားခီ၏ တတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရုံတင်သည်။ အဓိကသရုပ်ဆောင်များအဖြစ် ဇဏ်ခီနှင့် ပိုင်ဖြိုးသုတို့ ပါဝင်သည်။ ဇာတ်ဝင်ခန်းများကို ပူတာအိုနှင့် ငွေဆောင်တွင် သွားရိုက်သည့်အတွက် မြန်မာနိုင်ငံ၏ သဘာဝအလှအပတို့ကို ခံစားနိုင်သည်။ ထာဝရနှောင်ကြိုးရုပ်ရှင်၏ ထူးခြားချက်အနေဖြင့် သရုပ်ဆောင်ဇဏ်ခီသည် မင်းသားအနေဖြင့်သာမဟုတ်ပဲ ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဇာတ်ကားတွင် ပါဝင်အသုံးပြုသော ဂီတပိုင်းကိုပါ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။






သန်းခေါင်ယံ [2019]


MIDNIGHT [2019]


ဒါရိုက်တာ အောင်မြတ် ရိုက်ကူး၍ ကြက်ဖ၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ အောင်ရဲထိုက်၊ စိုင်းဝဏ္ဏအောင် နဲ့ နန်းခင်ဇေယျာတို့ အဓိက ပါဝင်ထားပြီး 2019 ဒီဇင်ဘာလ (5) ရက်နေ့မှာ ရုံတင်ခဲ့ပါတယ်။





ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက် [2019]


"The Three Men, She Loves" [2019]



ဒါရိုက်တာ - မောင်မျိးမင်း(ရင်တွင်းဖြစ်) 
သရုပ်ဆောင် - ပြေတီဦး၊ မင်းဦး၊ မင်းဘုန်းမြတ်၊ မို့မို့မြင်အောင်၊ အိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ အမ်မလီဘို 
The Three Men, She Loves (Burmese: ကျွန်မအချစ်ဆုံးယေက်ျားသုံးယောက်) is a 2019 Burmese drama film, directed by Maung Myo Min starring Yan Aung, Pyay Ti Oo, Min Oo, Min Phone Myat, Moht Moht Myint Aung, Eaindra Kyaw Zin, Nan Sandar Hla Htun and Emily Bo.




ပြဿနာ | 2019


Pyathanar (The Dilemma) [2019]

နေတိုး၊ ဇာဂနာ၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊
ယဉ်လတ်၊ ရွှေပိုးအိမ်၊ ခင်လှိုင်၊ ဒိန်းဒေါင်

ဒါရိုက်တာ မီးပွား




မြမြ [2019]


Mya Mya [2019]

ဒါရိုက်တာ-ညိုမင်းလွင်

သရုပ်ဆောင်-သင်ဇာဝင့်ကျော် မင်းတော်ဝင် ဒီးဒီး မျိုးလှိုင်ဝင်း လင်းနေ ကိုဆိုင်း ယမုံ ခင်ထွေးဆုလှိုင် မတူး

SEIN HTAY Film and Video Production & Distribution




✨ ရွှေမင်းသမီး ✨ [2020]


ပထမပိုင်း [First Half]



ဒုတိယပိုင်း [Second Half]

ဇာတ်လမ်း - နှလုံးသား 
ဇာတ်ညွှန်း -မိုးနီလွင် 
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင် - ပြေတီဦး၊ စိုးပြည့်သဇင်
ကျော်‌ကျော်ဗိုလ်၊ ကောင်းပြည့်၊ ဇင်ဝိုင်း၊ ချိုပြုံး၊ မေသဉ္ဇာဦး

၂၀၂၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု​ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို စိုးပြည့်သဇင်နှင့်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို မေသဉ္ဇာဦးတို့ရရှိ။ 






နှစ်ပတ်အလို [2019]



Two Weeks Notice | 2019

ဇာတ်ညွှန်း- ထူးနွယ်အိမ်

ဇာတ်လမ်းနှင့်ဒါရိုက်တာ- မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ပြေတီဦး ၊ ရဲအောင် ၊ မင်းဦး ၊ ကျော်ကျော်ဗို ၊ ဝတ်မှုံရွှေရည် ၊ မျိုးသန္တာထွန်း ၊ ချိုပြုံး ၊၊

Arr Man Film and Video Production & Distribution

This Video is broadcasting by Arr Mann Entertainment Channel. 





လှပ်၍လွင့်သော [2019]

Click on the image to open playlist on YouTube

Lote Ywae Lwint Thaw | " Flickering World " [2019]

ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါ 

ခရေဖြူရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စံပယ်ဖြူနု၏ဝတ္ထုကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ဝိုင်းက တာဝန်ယူ ဖန်တီးထားခြင်း ဖြစ်သည်။ လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးတွင် အဓိက သရုပ်ဆောင်များအဖြစ် မို့မို့မြင့်အောင်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါတို့ ပါဝင်ပြီး ကျော်ရဲအောင်မှာ မေတ္တာဖြင့် အထူးပါဝင် သရုပ်ဆောင်ထားသည်။ နေဆန်း၊ ဇင်မျိုး၊ ဇော်ဝင်းနိုင်(မန်း)၊ ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်စမ်းစမ်းဝင်း၊ သန်းသန်းစိုး၊ တင်ဇာဝင်းပြည့်၊ ဝင်းမင်းသန်း၊ အေးမင်းဖြူ၊ ဦးဘဂျမ်း၊ မင်းသစ်၊ ဘိုဘို၊ စက်ရောင်၊ ပိုင်ပိုင်၊ နွယ်နီ၊ ရွှေဖြူ၊ ဟန်နီဇော်၊ ကေသွယ်၊ အိမြတ်၊ စိုင်းရာဇာ၊ ဦးစိုးအောင်တို့ပါဝင်သရုပ်ဆောင်၍ ကလေးသရုပ်ဆောင်အဖြစ် နိုင်နိုင်းထက်၊ မြတ်ရတနာ၊ ဂျိုကာ၊ အိန်ဂျယ်ဝတ်မှုံ၊ သုမာန်အောင်၊ SFX : မိဘန်ဘန်တို့ ပါဝင်သရုပ်ဆောင်ထားသည်။  




 

မုန်းစွဲ | Clinging with Hate [2018]


Language: Myanmar | Subtitles : English

မုန်းစွဲ [ရုပ်ရှင်ဇာတ်ကားကြီး] သည် ၂၀၁၈ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဘာသာရေး ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။ ဒါရိုက်တာ ဩရသ ရိုက်ကူးပြီး နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ ကျော်ကျော်ဗိုလ်၊ အေးဝတ်ရည်သောင်း တို့က အဓိကပါဝင်သရုပ်ဆောင်ပြီး၊ ဇွဲဝေယံထူး၊ ဇွဲဝေယံထက် အမွှာ ကလေးသရုပ်ဆောင်နှစ်ဦးက အားဖြည့်ထားသည်။ မုန်းစွဲဇာတ်ကားသည် မြန်မာနိုင်ငံ၏ ဝင်ငွေအများဆုံးရုပ်ရှင်ကားများအနက် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနှင့် စင်ကာပူ နိုင်ငံများတွင် တပြိုင်နက် စတင်ပြသခဲ့သည်။


၂၀၁၈ ခုနှစ် အတွက် မုန်းစွဲမှ  အကယ်ဒမီဆုရှင်များ

ရုပ်ရှင် ဒါရိုက်တာဆု - ဒါရိုက်တာ သြရသ (မုန်းစွဲ)

ရုပ်ရှင် အသံဆု - အသံဖမ်း အင်ဂျင်နီယာ ကိုအေး (မုန်းစွဲ)

ဓာတ်ပုံဆု - ကိုဝင်းလွင်ထက် (မုန်းစွဲ)


Based on the true story, In 1959 in Central Burma, two evil brother Nga Htoo Zaw and Nga Htoo Maw reincarnated into twins from hatred and revenge. The Abbot tell them they must separate and release hatred and learn how to love or otherwise they will suffer in Samsara (circle of life and death) for eternity.

Cast

  • Nay Toe as Nga Htoo Zaw in past life, the two Buddhist monks (dual role) in present life
  • Kyaw Kyaw Bo as Ko Phoe Aung
  • Min Thway as Nga Htoo Maw in past life
  • Phway Phway as Ma Thel Oohm (wife of Ko Phoe Aung)
  • Aye Wutyi Thaung as Ma Kyar Ooh in past life, Ma Theigi in present life




 

Mi ( မီ ) [2018]


Language: Myanmar | Subtitles : English

Mi (Burmese: မီ) is a 2018 Burmese drama film, written and directed by Na Gyi. Paing Phyo Thu portrayed as the lead character "Mi", along with Nay Toe as Thaw Swe. The film is an adaptation of the novel "Mi" by prominent and well-respected novelist, Kyi Aye. Mi was produced by Victoria Film Production and premiered in Myanmar on November 9, 2018. Despite the high expectations, the film was well received by the audience. There were harsh public criticisms at Myanmar Academy Awards (2018) for leaving Mi with no award.

Mi received 2 nominations (Best Actress, Best Film) and 1 award (Best Director of Photography) at ASEAN international Film Festival and Awards (2019). Mi was also officially selected for Cardiff International Film Festival (2020) and Festival International de Cinema de Lleida Visual Art (2020)

မီ ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး ဗစ်တိုရီးယား ရုပ်ရှင်ထုတ်လုပ်ရေး မှ ဖြန့်ချိသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။ စာရေးဆရာမကြီး ကြည်အေး၏ မီ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကာ ပိုင်ဖြိုးသု၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့ ပါဝင်သရုပ်ဆောင်ထားသည်။

Cast:

  • မီ အဖြစ် ပိုင်ဖြိုးသု
  • သော်ဆွေ အဖြစ် နေတိုး
  • မောင်ကိုလေး အဖြစ် အောင်ရဲထိုက်
  • ဦးတင်မောင် အဖြစ် မင်းဦး
  • ဦးဘချစ် အဖြစ် ရဲအောင်
  • ရွှေဓားမြှောင် အဖြစ် သားညီ





ဥပါဒါန် | The Attachment [2018]



Language: Myanmar | Subtitles : English  [အင်္ဂလိပ်စာတန်းထိုး]

သရုပ်ဆောင် - ဒါရိုင်တာ−ဗန်းကြီး

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ချိုပြုံး၊ ငြိမ်းချမ်း၊ မျိုးမျိုးခိုင် နဲ့ မေပိုင်စိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။





 

အနမ်းဝိုင် | 2018


 Kiss Like Wine [2018]

ဒါရိုက်တာ−အောင်မြတ်
သရုပ်ဆောင် - အောင်ရဲလင်း | ဝတ်မှုံရွှေရည် | မင်းဦး | စိုးမြတ်သူဇာ

Produced by Sein Htay Film Production and premiered on February 2, 2018




မုဒြာရဲ့ခေါ်သံ [2018]

Mudras Calling [2018]

ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး၊ 

ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။

When US-raised Jaden returns to his birthplace Myanmar, to search for his roots, he discovers a shocking truth, a new love and ultimately a possible future in his homeland.

Director: Christina Kyi
Writer: Christina Kyi
Stars: Zenn Kyi, Hla Yin Kyae, Nann Wai Wai Htun





ကာဗွန်ဒိုင်အောက်ဆိုဒ် [2018]


 CO2  [2018]

ကာဗွန်ဒိုင်အောက်ဆိုက် သည် ၂၀၁၈ ခုထွက် မြန်မာရုပ်ရှင် ဖြစ်သည်။ ထားဝယ်ရုပ်ရှင်အတွက် ဦးစိုးသိန်း ထုတ်ပြီး မီးမီး ဇာတ်လမ်းရေးသည်။ ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ဝိုင်း ဖြစ်သည်။ အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး၊ ရတနာဗိုလ်တို့ အဓိကပါဝင်ကြသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ရုံတင်သည်။




The Mystery of Burma : Beyond the Dote-hta-waddy [2018]

ဒုဌ၀တီကိုလွန်၍  | [2018]  နိုင်းနိုင်း | အမွန်း

The Mystery of Burma: Beyond the Dote-hta-waddy is a 2018 Burmese action-adventure film, directed by Arkar and starring Nine Nine, Joe Moreira, Ah Moon and Naw Aung. The film was produced by Golden Hour Entertainment.

The film was officially released on May 4, 2018 in Myanmar and 12 September 2018 in Singapore. It was a critical and commercial success in Myanmar




ငဒူ 

[2018]


Nga Du  | "The Idiot"  |  2018


မြင့်မြတ် | ရွှေမှုံရတီ | ဆုမြတ်နိုးဦး

ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်






နောင်တွင်ဥဒါန်းတွင်စေသတည်း [2018]

Click on the image to watch the movie


ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - မောင်ယဉ်အောင်

သရုပ်ဆောင်များ - ဖိုးချစ်၊ အလင်းရောင်၊ ထွန်းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗို၊ ရန်အောင်၊ ရဲအောင်၊ မိုးဒီ၊ ချိုပြုံး၊ မေသန်းနု၊ မေသဥ္ဇာဦး၊ ခင်မို့မို့အေး

ဧည့်သည်သရုပ်ဆောင် - လူမင်း





ကြီးကြီးကျယ်ကျယ် [2017]



KYI KYI KYAE KYAE [WIDER AND BIGGER] 2017

ကြီးကြီးကျယ်ကျယ် (အချစ်ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကား)
ဇာတ်လမ်း- လုံမ
ဇာတ်ညွှန်း- စွမ်းပိုင်
ဒါရိုက်တာ-ပြည်ဟိန်းသီဟ

မြင့်မြတ် ၊ ဟိန်းဝေယံ ၊ အိချောပို ၊ ရွှေမှုံရတီ ၊ ခင်လှိုင် ၊ ဒိန်းဒေါင် ၊ ဆင်မ ၊ တက္ကသိုလ်ဂွမ်းပုံ  ဟာသသရုပ်ဆောင်များစွာပါဝင်သည်၊၊
Arr Man Film and Video Production & Distribution




ပက်ပက်စက်စက်ညှို့  [2017]


Pat Pat Sat Sat Nhyoe [ Extreme Attraction ] 2017

ဇာတ်လမ်းနှင့်ဇာတ်ညွှန်း- မိုးနီလွင်

ဒါရိုက်တာ-သားညီ

သရုပ်ဆောင်- နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် နှင့် သရုပ်ဆောင်များစွာပါဝင်သည်၊

Pat Pat Sat Sat Nhyoe (Burmese: ပက်ပက်စက်စက်ညှို့  ("Extreme Attraction") is a 2017 Burmese drama film starring Nay Toe, Moe Set Wine and Shwe Htoo. The film, produced by the 7th Sense Film Production, premiered in Myanmar on 17 November 2017.




ဝိညာဉ်ကကြိုး [2017]


 

ဝိညာဉ်ကကြိုး | Wit Nyin Ka Kyoe  (Bond of Dancing Souls) [2017]

ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေး| ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)  
စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထု၊ “ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၆ ရက် ၂၀၁၇ခုနှစ်မှ စတင်ကာ တနိုင်ငံလုံးမှာ ရုံတင်ပြသပြီ ဖြစ်ပါတယ်။ 

လူငယ်တွေကြားက အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ “ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ “သစ်ခက်ညို” အဖြစ် အောင်ရဲလင်း၊ “ခေတ်သမီး” အဖြစ် သင်ဇာဝင့်ကျော်နဲ့ “ရွှေပျိုဖြူ” အဖြစ် ရွှေမှုန်ရတီတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။




တာတေကြီး | 2017 |


Tar Tay Gyi [The Mighty Spirit] | 2017

တာတေကြီး [ရုပ်ရှင် ဇာတ်ကားကြီး] သည် ၂၀၁၇ ခုနှစ်ထွက် မြန်မာ ဟာသအထိတ်တလန့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးကာ နေတိုး နှင့် ရွှေသမီး တို့ပါဝင် သရုပ်ဆောင်ထားသည်။ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဖြန့်ချိကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ရုပ်ရှင်သည် ၂၀၁၁ ခုနှစ်ထွက် အိန္ဒိယ တမီးလ် စကားပြော Muni 2: Kanchana ရုပ်ရှင်ကို မှီငြမ်းထားသည်။

၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “တာတေကြီး” ရုပ်ရှင်နဲ့ အကယ်ဒမီနေတိုးက ရရှိခဲ့ပါသည်။ 

Tar Tay Gyi (Burmese: တာတေကြီး), is a 2017 Burmese comedy horror film starring Nay Toe and Shwe Thamee. The film produced by Lu Swan Kaung Production premiered in Myanmar on November 24, 2017. The film is an unofficial remake of the 2011 Indian Tamil-language film Muni 2: Kanchana.

📕Story: Min Tay Za 📝Screenplay: Thiha Soe

🎬Director: Wyne

🌟Starring: Nay Toe, Shwe Tha Mee, Zaw Oo, Lu Mone






ရင်ဘတ်ထဲက ဓား [2017]



Yin Bat Htae Ka Dar | "A dagger in the heart" [2017]

ပြေတီဦး | အိန္ဒြာကျော်ဇင် | ထွန်းအိန္ဒြာဗိုလ်

စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းကပြန်လည်အသက်သွင်းပြီး ဖန်တီးပုံဖော်ထားတဲ့ အိမ်ထောင်ရေး ဇာတ်ကားကောင်း  ဖြစ်ပါတယ်။ 

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ညွန်းဆုတို့ကိုလည်း ရရှိထားပါတယ်။





ခိုးဆိုးလုနှိုက် | 2016


Khoe Soe Lu Hnite | THE ROGUE (2016)

ခိုးဆိုးလုနှိုက် သည် ၂၀၁၆ ခုနှစ်ထွက် မြန်မာ အချစ်ဇာတ်ကြမ်းရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးကာ မြင့်မြတ်၊ ခင်လှိုင်၊ ထွန်းထွန်း၊ နေဒွေးနှင့် သင်ဇာဝင့်ကျော်တို့ ပါဝင် သရုပ်ဆောင်ထားသည်။ မိုး ရုပ်ရှင်ထုတ်လုပ်ရေး မှ ဖြန့်ချိကာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။

2016 Burmese action-drama film, directed by Steel (Dwe Myittar) starring Myint Myat, Khin Hlaing, Htun Htun, Nay Dway and Thinzar Wint Kyaw. The film, produced by Moe Film Production premiered in Myanmar on July 15, 2016.






တောကျီးကန်း (သို့) ခိုးဆိုးလုနှိုက်-၂ [2017]


Khoe Soe Lu Hnite II (Taw Kyi Kan)  | THE ROGUE-II (Jungle Crow) [2016]

ခိုးဆိုးလုနှိုက် ၂ - တောကျီးကန်း သည် ၂၀၁၇ ခုနှစ်ထွက် မြန်မာ အချစ်ဇာတ်ကြမ်း ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးကာ မြင့်မြတ်၊ ခင်လှိုင်၊ ထူးခြားနှင့် မိုးဟေကို တို့ ပါဝင် သရုပ်ဆောင်ထားသည်။ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၏ ဒုတိယရုပ်ရှင် ဖြစ်သည်။ မိုး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဖြန့်ချိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။






ကျူးပစ်ရဲ့ကျေးကျွန်များ [2015]



ကျူးပစ်ရဲ့ကျေးကျွန်များ  | Slaves Of Cupid | [2015]


ဒါရိုက်တာ- ဝိုင်း
ဇာတ်လမ်း- ခူးခူး | ဇာတ်ညွှန်း- အင်ကြင်းဟန်
သရုပ်ဆောင်- နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဖွေးဖွေး ၊ ဇော်ဦး ၊ ညီဂျော် ၊ ဦးဝင်းမြိုင် ၊၊

၂၀၁၅ခုနှစ်အတွက် ရုပ်ရှင်ဓါတ်ပုံဆု – ဇော်မြင့် (ကျူးပစ်ရဲ့ ကျေးကျွန်များ)

Slaves of Cupid (Burmese: ကျူးပစ်ရဲ့ကျေးကျွန်များ) is a 2015 Burmese drama film, directed by Wyne, 
Starring Nay Toe, Sai Sai Kham Leng and Phway Phway. The film, produced by Lu Swan Kaung Film Production premiered in Myanmar on July 31, 2015





ကြိုးကြာတောင်ပံခတ်သံ [2009]


The Song of Crane | 2009 | Language: Myanmar [English Subtitles]

📝Novel: Linkar Yee Kyaw (National Literature Award)

📕Directed by Sin Yaw Mg Mg

Synopsis: Dr. Latt Nyein serves in a remote hilly town in the Chin region, quietly grappling with the emotional weight of his past. Through flashbacks, we follow a younger Ko Latt, a passionate medical student entangled in a complicated love triangle.

Cast

Nay Toe, Kyaw Kyaw Bo

Eaindra Kyaw Zin, Wine Su Khine Thein

Moe Yu San, Nay Aung





ဇော်ကကနေသည် (2009)

နေတိုး၊ နန္ဒာလှိုင် 

Zaw Ka Ka Nay The [Dance of the Zawgyi]

(အပိုင်း ၁) | (အပိုင်း ၂) | (အပိုင်း ၃)


"ဇော်က ကနေသည်" ကို နယ်သစ်ဦး ထုတ်လုပ်ရေးအတွက် အကြည်တော်၏ ဝတ္ထုကို နေဝင်းမြင့် ဇာတ်ညွှန်းခွဲကာ မီးပွားက ၂၀၀၇ ခု၊ ဒီဇင်ဘာလ ၁၂ ရက်တွင် စရိုက်ခဲ့သည်။ နေတိုး၊ ညွန့်ဝင်း၊ နန္ဒာလှိုင်နှင့် ပုလဲဝင်းတို့ အဓိက သရုပ်ဆောင်ကြသည်။ 

မီးပွားက အကောင်းဆုံး ဒါရိုက်တာဆု၊ ဓီရာမိုရ်က တေးဂီတဆုကို ၂၀၀၉ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုတွင် ဤဇာတ်ကားဖြင့်  ရရှိကျသည်။

Zaw Ka Ka Nay The (Burmese: ဇော်ကကနေသည်) is a 2009 Burmese drama film, directed by Mee Pwar starring Nay Toe, Nandar Hlaing, Pearl Win, Nyunt Win and Heavy Phyo. Mee Pwar won the Best Director Award and Diramore won the Best Music Award in 2009 Myanmar Motion Picture Academy Awards for this film.




ပန်းဒဏ္ဍာရီ [2004]


Pann Dan Dar Yee [The Legend of The Flower]

ရန်အောင်၊ မင်းမော်ကွန်း၊ မေသန်းနု၊ စိုးမြတ်နန္ဒာ


ရုပ်ရှင်တေးဂီတဆု-စိန်မွတ္တား(မန္တလေး) က (ပန်းဒဏ္ဍာရီ) ဖြင့်၊ ၂၀၀၄ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုတွင် အကောင်းဆုံး  တေးဂီတဆု ရရှိပါသည်။





တစ်ခါကဧရာဝတီညများ [2004]



"တစ်ခါကဧရာဝတီညများ” [ Once upon a time on Irrawaddy Nights ]


သရုပ်ဆောင် ။ လွင်မိုး၊ ညွန့်ဝင်း၊ မင်းဟိဏ်း၊ ထွန်းအိန္ဒြာဗို၊ မေသန်းနု

[ဒါရိုက်တာ- မီးပွား]  


၂၀၀၄ခုနှစ် အမျိုးသားသရုပ်ဆောင်ဆုကို ဤဇတ်ကားဖြင့် လွင်မိုး ရရှိခဲ့ပါသည်.






အချစ်သည်လေပြေ [2002]



အချစ်သည်လေပြေ [ A Chit The Lay Pyay ]


သရုပ်ဆောင် - ဒွေး ၊ အိန္ဒြာကျော်ဇင်

2002 romantic-drama film, directed by Ko Aung Min Thein starring Dwe, Eaindra Kyaw Zin, Sai Bo Bo, Phyo Ngwe Soe, Smile and Nawarat. It premiered in Myanmar Cinemas on June 28, 2002.






တပြည်သူမရွှေထား [1994]

(Ta Pyi Thu Ma Shwe Htar)

"Ta Pyi Thu Ma Shwe Htar" is a 1994 Burmese drama film, directed by Sin Yaw Mg Mg starring Kyaw Thu and May Than Nu. It was based on the popular novel "Ta Pyi Thu Ma Shwe Htar", written by Tekkatho Phone Naing.






မြစ်တို့၏မာယာ [The Maya of The River] (1993) 


Myanmar Pronunciation: "Myit Toh Ei Maryar"

သရုပ်ဆောင် ။ ။ ရန်အောင်၊ ရဲအောင်၊ မေသန်းနု။

ဒါရိုက်တာ - စင်ရော်မောင်မောင်

Cast : Yan Aung, Ye Aung, May Than Nu

စာရေးဆရာမ ဂျူး ၏ လက်ရာ ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ဒါရိုက်တာ စင်ရော်မောင်မောင်၊ သရုပ်ဆောင် မေသန်းနု၊ ရဲအောင်၊ ရန်အောင် တို့ ဦးဆောင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ သရုပ်ဆောင် ရဲအောင် ၏ ပထမဆုံး အမျိုးသားသရုပ်ဆောင်ဆု (အကယ်ဒမီ) ရရှိခဲ့သော ဇာတ်ကားဖြစ်သည်။

၁၉၉၃ခုနှစ်အတွက် အမျိုးသားသရုပ်ဆောင်ဆု – ရဲအောင် – (မြစ်တို့၏မာယာ) 

၁၉၉၃ခုနှစ်အတွက် ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းညွှန့်(ပန်းသာ) – (မြစ်တို့၏မာယာ) 





ခုတော့သိပြီ မင်းကိုကိုယ်ချစ်သည် [1991]



Now I know, I love you [1991]
စိုးသူ၊ မေဆွိ၊ မြတ်ကေသီအောင် 






ပန်းပန်လျက်ပါ [1991]


Pann Pan Lyet Par (Still Wearing The Flower) 

ကျော်သူ၊ မို့မို့မြင့်အောင် (ဒါရိုက်တာ ကြီးမြင့်)

ဗေဒါလမ်း | ဆရာဇော်ဂျီ |  

ညိုပြာပြာ လတာပြင့်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ။ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရပေါ်ပြန်လဲ မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။





စုန်ရေ | Sone Yay [1990] 


Sone Yay (Burmese: စုန်ရေ; lit: Downstream) is a 1990 Burmese drama film starring Kyaw Hein, Khin Than Nu, Zin Mar Oo and Min Oo. The film was directed by Kyi Soe Tun.

ဇာတ်လမ်း- မိုက်မိုက်(ပြည်) | ဒါရိုက်တာ- ကြည်စိုးထွန်း
သရုပ်ဆောင်- ကျော်ဟိန်း၊ ခင်သန်းနု၊ ဇင်မာဦး၊ မင်းဦး၊ သူဇာနွယ်၊ အောင်ပြည့်၊ ဝင်းဆွေ၊ နှင်းဆီ၊ တင်တင်လှ| ဇေယျာ၊ စိမ့်စိမ့်သူ၊ မို့မို့အေး၊ ရွှေတောင်တင်အောင်၊ ဖိုးချို၊၊ 




အရိုင်းစံပယ် [1990]



[Wild Jasmine] [1990]


ကျော်သူ ၊ ဇော်လွင်၊ မို့မို့မြင့်အောင် ၊ တင့်တင့်ထွန်း 
(စာရေးဆရာကြီး အောင်လင်း၏နာမည်ကျော်ဝတ္ထု)

ဒါရိုက်တာ- ကြီးမြင့် ယမုံနာ ရုပ်ရှင်

၁၉၉၀ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု – ဇော်လွင် (အရိုင်းစံပယ်) 





မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် [1990]



မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် [ Ma Aye Pwint, Myint Myint San, 30th Street ]

နေအောင် | ခင်သီတာထွန်း [ဒါရိုက်တာ သီဟကျော်စိုး]

‘မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်’ ရုပ်ရှင်ဇာတ်ကားကို  ၁၉၈၉ ခုနှစ်တွင်  ရိုက်ကူးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း ရုံတင်ပြသခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။




မုံး [1990]


မုံး - Mone [1990]

( နေအောင် ထွန်းထွန်းဝင်း ရဲအောင် မို့မို့မြင့်အောင် )





ပန်းမြိုင်လယ်ကဥယျာဥ်မှူး  [1989]

Pan Myaing Lal Ka Oo Yin Mhu [The Guardian of the Flower Fields]

ကျော်ဟိန်း | နေအောင် | သိင်္ဂီထွန်း 

ဝတ္ထု: လယ်တွင်းသားစောချစ်

၁၉၈၉ ခုနှစ် အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း (ပန်းမြိုင်လယ်က ဥယျာဉ်မှူး) 

Pan Myaing Lal Ka Oo Yin Mhu ( ပန်းမြိုင်လယ်ကဥယျာဉ်မှူး) is a 1989 Burmese drama film, directed by Maung Tin Oo, starring Kyaw Hein, Nay Aung and Theingi Htun.





သင်္ကြန်မိုး [1985]


သင်္ကြန်မိုး [1985] Thin Gyan Moe (The Cleansing Rain)  

Director: Maung Tin Oo
Stars: Nay Aung, Khin Than Nu, Zin Wine, May Than Nu, Thidar Theint

The movie follows the life of a musician from 1959 to 1982, with many of the scenes set at traditional Thingyan celebrations.

Awards: "Myanmar Motion Picture Academy Awards 1985"
Best Picture : Thuriya Pyinnya Films
Best Director : Maung Tin Oo
Best Cinematography : Chit Min Lu

ဒါရိုက်တာ မောင်တင်ဦး

နေအောင်၊ ခင်သန်းနု ၊ ဇင်ဝိုင်း၊ မေသန်းနု ၊ သီတာသိမ့်

၁၉၈၅ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု နှင့် ဓာတ်ပုံဆု အကယ်ဒမီ ဆု ၃ ခု ရရှိခဲ့သော ဇာတ်ကား တစ်ကား ဖြစ်သည်။ မန္တလေး သင်္ကြန်ကို နောက်ခံထား၍ ရိုက်ကူးထားပြီး၊ သင်္ကြန်မိုး ဇာတ်ကားမှ ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများမှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်၊ ယနေ့တိုင်အောင် သင်္ကြန် သီချင်းများ အဖြစ် ပရိသတ်များ အကြားတွင် ရေပန်းစားလျက် ရှိသည်။





မျက်ဝန်းထဲမှာမိုးရွာပြီညို [1993]


မျက်ဝန်းထဲမှာ မိုးရွာပြီညို (၁၉၉၃) အပိုင်း (၁)

[Myat Wun Htae Mhar Moe Ywar Pyi Nyo]

"Now it's raining in my eyes" [1993] (part I)

ဒါရိုက်တာ - စင်ရော်မောင်မောင်

သရုပ်ဆောင်များ - စိုးသူ ၊ ရဲအောင် ၊ မေသန်းနု






မျက်ဝန်းထဲမှာ မိုးရွာပြီညို (၁၉၉၃) အပိုင်း (၂)

[Myat Wun Htae Mhar Moe Ywar Pyi Nyo]

"Now it's raining in my eyes" [1993] (part II)

ဒါရိုက်တာ - စင်ရော်မောင်မောင်

သရုပ်ဆောင်များ - စိုးသူ ၊ ရဲအောင် ၊ မေသန်းနု




အဖြူ အမဲ [ Black & White ] 
မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ





မှုံရွှေရည် [1970]


 မှုံရွှေရည် (Hmone Shwe Yi) "Golden Pollen" [1970]

Cast
  • Win Oo as Myint Thu
  • Sandar Lin as Sandar Lin (his daughter)
  • Myat Thu as Myat Thu (his son)
  • Khin Than Nu as Khin Hmone (his wife)
  • Aung Lwin as Captain Ye Aung
  • Phoe Par Gyi as Ko Par Gyi
  • Khin Lay Swe as Khin Lay Swe

မြန်မာ့ရုပ်ရှင်၏ အဖြူအမဲခေတ်ကာလမှ ကျော်ကြားခဲ့သော မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်အနုပညာနယ်ပယ်များကို လွှမ်းခြုံနိုင်သော ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ကာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သော်လည်း ယခုခေတ်အထိတိုင် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားလိုင်းများမှ ထုတ်လွှင့်ပြသနေဆဲ ဇာတ်ကားတစ်ကားဖြစ်သည်။ မှုံရွှေရည် ရုပ်ရှင်သည် ၁၉၇၀ ၌ကျင်းပသော (၁၉) ကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆုရရှိခဲ့၍ ဝင်းဦးသည်လည်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့သည်။

သရုပ်ဆောင်များ ။ ။ ဝင်းဦး, ခင်သန်းနု, အောင်လွင်, ဖိုးပါကြီး, ကျော်ဖေ, ခင်လေးဆွေ, စန္ဒာလင်း, မြတ်သူ

Hmone Shwe Yee (Burmese: မှုံရွှေရည်, lit. 'golden pollen'), is a 1970 Burmese black-and-white drama film starring Win Oo, Khin Than Nu and Aung Lwin. The film won the Best Picture Award and Win Oo won the Best Actor Award in 1970 Myanmar Motion Picture Academy Awards.

The film's namesake comes from an eponymous song, which was written by an anonymous composer in the early 20th century. It remains a popular classic performed on radio and performances, including a prominent cover by a classical singer named Tin Tin Mya.





ကြည်ပြာ [1980] 


Kyi Pyar (Crystal Blue)

ထွန်းထွန်းဝင်း၊ မေဝင်းမောင်

၁၉၈၀-ခုနှစ် အကောင်းဆုံး ဇာတ်ကားဆု -(ကြည်ပြာ)ဇာတ်ကား- ယမုံနာရုပ်ရှင်

ဒါရိုက်တာဆု – ကြီးမြင့် – (ကြည်ပြာ)ဇာတ်ကား

အမျိုးသမီးဇာတ်ဆောင်ဆု – မေဝင်းမောင် – (ကြည်ပြာ)ဇာတ်ကား 





အသက်ကိုနှင်း၍ [1969]



အသက်ကိုနှင်း၍ [1989] "A The Ko Hnin Ywae" [I am giving my life] 

အသက်ကိုနှင်း၍ ဇာတ်ကားမှာ တွံတေးသိန်းတန်ကို   နွားကျောင်းသား  တောင်သူလယ်သမား တောသူ တောင်သား  အသွင်ဖြင့်တမျိုး စစ်သားကြီးအသွင်ဖြင်တသွယ်မြင်တွေ့ကြရမှာဖြစ်ပြီး၊ အန်တီနု  (ခင်သန်းနု)  ကိုလည်း  တံငါသည် မိဘများနဲ့  ကျေးတောသူ လေးငယ်ငယ် အဖြစ်တမျိုး  မြို့ကြီးသူ  သူဌေးသမီး  အသွင်ဖြင့်တသွယ်   ချစ်စဖွယ် သရုပ်ဆောင်သွား တာကို တွေ့မြင်နိုင်ပါတယ်။ ဆရာဝန် ( ဒေါက်တာကျော်ဇင် ) အဖြစ်သရုပ်ဆောင်သော(ဦး) စိုးနိုင် ကလည်း  ဇာတ်လမ်းကို  ပိုမို ဆွဲဆောင်မှု့ရှိအောင်သရုပ်ဆောင်သွားပါတယ်။

၁၉၆၉ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို – ဒေါ်သိန်းရှင်မှ အသက်ကိုနှင်း၍ဇာတ်ကားဖြင့်ရရှိသွားပါတယ်။




ချစ်မီးလျှံထဲကမေချို [1985]


Chit Mi Hlyan Htae Ka May Cho  “Sweetness in the Fire of Love" [1985]

ဝတ္ထု- မာဃကြည်အေး

ဇာတ်ညွှန်း- မောင်သင်္ခ ၊ ညီညီထွန်းလွင်

ဒါရိုက်တာ- ရွှေထီး

သရုပ်ဆောင်- ကျော်သူ ၊ ထွန်းထွန်းနိုင် ၊ ခိုင်ခင်ဦး နှင့် သရုပ်ဆောင်များစွာပါဝင်သည်၊၊

၁၉၈၅ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု – ထွန်းထွန်းနိုင် -(ချစ်မီးလျှံထဲကမေချို) 






ပန်းသီတဲ့ကြိုး [1985]



Pan Thi Tae Kyoe [ Thread of Flowers ] 1985


စာရေးဆရာမဆရာမ မစန္ဒာ၏ ``တိမ်ဖုံးပါလို့ လ မသာ ´´ ဝတ္ထုကို  
ဒါရိုက်တာ ဝင်းဖေ ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး   
ထွန်းဝေ၊ နေအောင်၊ လွှမ်းမိုး၊ ခင်သီတာထွန်း၊ ခင်စိုးပိုင် ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပါသည်၊၊
ခင်စိုးပိုင် မှ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါသည်။




သြော် မိန်းမ မိန်းမ [၁၉၇၃]



"Oh Woman Woman" [1973] Duration: 02:21:42

Click here or click on the image to see the Movie

ညွန့်ဝင်း၊ ချိုပြုံး၊ ဥိးကျောက်လုံး၊ ဂျော်လီဆွေ




ဗိုလ်ကာတွန်း [၁၉၆၃]



Bo Cartoon [Mr. Cartoon] 1963

Click here or click on the image to see the Movie

  ဖိုးပါကြီး၊ သာဓု၊ ဂျော်လီဆွေ၊ နှင့် သန်းနွဲ့တို့ ပါဝင်သရုပ်ဆောင်ခဲ့သော အဖြူအမည်းရုပ်ရှင်ဖြစ်ပါသည်။ 




 ဤလူ့ဘောင်တွင် [1958]



Ei Lu Baung Twin  |  "In this society" [1958]


Ei Lu Baung Twin is a 1958 Burmese black-and-white drama film, directed by Shwe Done Bi Aung starring Htun Wai, Maung Maung Ta, Myint Myint Khin and Shwe Man Aung Gyi.


ဤလူ့ဘောင်တွင်ဇာတ်ကားကိုမန္တလေးရုပ်ရှင်မှ အဖြူအမဲ မြင်ကွင်းကျယ်ဇာတ်ကားအဖြစ်ရိုက်ကူးခဲ့ပြီးသရုပ်ဆောင်မောင်မောင်တာ ထွန်းဝေ မြင့်မြင့်ခင် နွဲ့နွဲ့အေး ဦးအောင်ကြီး ဦးဘရှင် ကျော်လွင် အောင်ခင်တို့ကပါဝင်သရုပ်ဆောင်ခဲ့ပါသည်။

ဒါရိုက်တာရွှေဒုံးဘီအောင်၏လက်ရာ  ဤ လူ့ဘောင်တွင်ဇာတ်ကားတွင် တခေတ်တခါက  ဗီလိန်ဇာတ်ရုပ်ဖြင်နံမည်ကြီးခဲ့သော  ဦးကျောက်လုံး၏ ပီပြင်သောသရုပ် ဆောင်မှုကို တွေ့မြင်ကြရမှာဖြစ်ပါတယ်  ဦးထွန်ဝေ က တည်ငြိမ်အေးဆေးသော  ဇာတ်ကောင်စရိုက်ဖြင်ပြင်စွာသရုပ်ဆောင်သွားသလို မောင်မောင်တာ၏ ခေတ်မှီသွက်လက်သော အပြောအဆိုရှိသည့်  စစ်ဗိုလ်တယောက်အဖြစ်  လိုက်ဖက်လှပါတယ်။  

ဒေါ်မြင့်မြင့်ခင်ကတော့ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ပါ တဦးတည်းသော  သူဌေးသမီး ခပ်စွာစွာ ဇတ်ဇတ်ကျဲ    ထိုခေတ်ထိုအခါက ရွှေမန်းသူ   သူဌေးသမီးစတိုင် ကျွန်တော်ကျွန်တော်နှင်ပြော တတ်သူ ရွှေခြေကျင်ဝတ်မိန်းခလေး  အဖြစ်   ပိုင်နိုင်လှပစွာလသရုပ်ဆောင်သွားပါတယ်။ 






ဖာတလုံးခေါင်းကျား [1954]



Pha Ta Lone Gaung Kyar [The Basket and The Beast] 1954

"Pha Ta Lone Gaung Kyar" is a 1954 Burmese black-and-white drama film, directed by Ba Shin starring Khin Maung, Zeya, Mary Myint and May San.

ဖါတလုံး ခေါင်းကျား သည် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင်မှ ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ခင်မောင်၊ ဇေယျ၊ မေရီမြင့်၊ မေဆန်း တို့ ခေါင်းဆောင်ပါဝင်ထားကြသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ၁၉၅၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ 

[ဇာတ်လမ်း] ဘုရင့်သားတော် ဘုရင်လောင်း သတိုးရှိန် (ခင်မောင်)သည် တက္ကသိုလ်ကျောင်းမှ အပြန် ဖခမည်းတော် နတ်ရွာစံခဲ့သဖြင့် တိုင်းပြည်ပြန်အရောက် ဘိသိက်မခံခင် လောကလူ့သဘာဝကို သိရှိလိုက်နာ မှတ်သားမိရန်နှင့် သူ၏အိပ်မက်ထဲမှ တွေ့ရှိရသောဇနီးသည် ရူပဝတီ (မေရီမြင့်)ကို ရှာဖွေထွက်ပြီးညီ၊ အစ်မ၊ အစ်ကို၊ ကျောင်းနေဖက်သူငယ်ချင်း၊ ကျေးကျွန် အဆွေခင်ပွန်း စသည်တို့အထဲမှ အဆိုးအကောင်းခွဲခြားကာ ဆက်ဆံကြပုံများကို ဖော်ပြထားပြီး နောက်ဆုံး မေရီမြင့်နှင့် တွေ့ဆုံကာ ပန်းကုံးစွပ်ခံရပုံ၊ ပြည်တော်ပြန်ရပုံ စသော ဇာတ်လမ်းဖြစ်သည်။

မင်းသားသည် လူကြောင်အရူး၊ စတန့်၊ အလှ၊ အတည်၊ အလွမ်းအကြမ်း၊ အနု စသည်ဖြင့် စရိုက်အမျိုးမျိုးဖြင့် သရုပ်ဆောင်မှုတွင် တစ်ဘာသာစီ ထူးခြားပြောင်မြောက်လှသည်။ ခင်မောင်သည် သူနှင့်သူ့စရိုက် အလွန်အံကိုက်လှသော ဖာတစ်လုံးခေါင်းကျား မင်းသားအဖြစ် ဇာတ်ဆောင်မှု အထူးပြောင်မြောက်သည်။ သူ သရုပ်ဆောင် သွက်ပုံမှာ သရုပ်ဆောင်နေသည်ဟု မထင်ရဘဲ တကဲ့အဖြစ်အပျက်တစ်ခုကို တွေ့မြင်နေရသကဲ့ ဖြစ်ပါသည်။

ရုပ်ရည်ချောမောလှပသော မင်းသမီး မေရီမြင့်က ဘုရင့်သမီးတော်ဖြစ်သည်။ သူ့ကို ခုနှစ်ပြည်ထောင်မှ မင်းသားများက အလိုရှိနေသည်။ ထိုမင်းသားများအား ပန်းကုံးစွပ်၍ ကြင်ဘက်ရွေးချယ်ရာမှ ဖူးစာရှင်အမှန် အရူးအကြောင် မင်းသားနှင့် အကြောင်းဆက်ရပြီး ထိုအရူးအကြောင်၏ စေခိုင်းမှုများကို သစ္စာရှိသော မိန်းမကောင်းမိန်းမမြတ်တို့ ပြုမူကျင့်ဆောင်ရမည့် ဝတ္တရားအတိုင်းဆောင်ရွက်ပုံ သရုပ်ကို ပြသထားပေရာ အမူအရာနိုင်နင်းကြောင်း တွေ့ရသည်။

ဤဇာတ်ကားသည် ရှေးမြန်မာမင်းများခေတ်က လူ့သဘာဝ၊ ဓလေ့စရိုက်၊ ဆင်းရဲချမ်းသာ၊ အနိမ့်အမြင့်၊ ဘဝစုံလင် အပြောင်းအလဲတွင် လူတို့၏ပြောင်းလဲတတ်သော စိတ်ဓာတ်သဘောထားများကို ဖော်ထုတ်တင်ဆက်ထားသော လူ့ယဉ်ကျေးမှုကို အခြေခံသည့် ဇာတ်ကားဟု ဆိုရပေမည်။

ဤဇာတ်ကားတွင် မင်းခမ်းမင်းနား နန်းတော်အဆောက်အအုံများ တည်ဆောက်ပြသပုံမှာ မြန်မာဘုရင်လက်ထက်က အဆင့်အတန်းမြင့်မားပြီး ခမ်းနားသောယဉ်ကျေးမှု၊ အနုလက်ရာများ ပေါ်လွင်လှပါသည်။ တစ်ပြည်နှင့်တပြည် စစ်မက်ခင်းတိုက်ရာတွင် လူအနဲငယ်မျှဖြင့်မဟုတ်ဘဲ လူပေါင်းရာကျော်အထိ ပါဝင်သရုပ်ဆောင်ထားလေရာ စစ်မက်ရေးရာကို ပြသရာတွင် သဘာဝကျပါသည်။ မင်းသားမင်းသမီး ဇာတ်ဆောင်များ၏ အဝတ်အစားများကိုလည်း သေသပ်ခန့်ညားစွာ ဝတ်ဆင်သုံးစွဲ ပြသထားသည်။ ပြီးစလွယ်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော နန်းတွင်းဇာတ်ကားကြီး တစ်ကားဖြစ်ပေသည်။





ဗိုလ်အောင်ဒင် [1941]



Bo Aung Din [ Boss Aung Din ] 1941
ခင်မောင်ရင်၊ ဘချစ်၊ မေမေဝင်း

Directed by : Shwe Done Bi Aung

Screenplay by : Shwe Done Bi Aung

Starring : Khin Maung Yin, Ba Chit, May May Win

Production company : British Burma Film Company

Release date : March 25, 1941

Running time : 174 minutes



HOME




Disclaimer: This website does not host, store, or upload any movie files. All sources and links provided are solely for reference and redirect users to third-party platforms where the content is originally hosted. We assume no responsibility for the legality, accuracy, or availability of such content. We do not receive any profit from these sources, and all links are shared in accordance with applicable Internet policies.


အသိပေးချက် – ဤဝက်ဘ်ဆိုဒ်တွင် ရုပ်ရှင်ဖိုင်များကို တိုက်ရိုက်တင်ဆက်ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် တင်သွင်းခြင်း မရှိပါ။ ဤနေရာတွင် ပါဝင်သော အရင်းအမြစ်များနှင့် လင့်ခ်များသည် သီးသန့် အညွှန်းအဖြစ်သာ ရည်ရွယ်ပြီး မူရင်းတရားဝင် မူပိုင်ခွင့်ရှိသည့် တတိယအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများသို့ ညွှန်းပေးထားခြင်း ဖြစ်ပါသည်။ ထိုအကြောင်းအရာများ၏ တရားဝင်မှု၊ မှန်ကန်မှုနှင့် ရရှိနိုင်မှုများအပေါ် ဤဝက်ဘ်ဆိုဒ်မှ တာဝန်မယူပါ။ ဤဝက်ဘ်ဆိုဒ်မှ အကျိုးအမြတ် တစုံတရာမရရှိပါပဲ၊ အင်တာနက်မူဝါဒများအတိုင်း သက်ဆိုင်ရာ အရင်းအမြစ်များ နှင့် လင့်ခ်များသို့ ချိတ်ဆက်ထားခြင်းသာ ဖြစ်ပါသည်။




No comments:

Post a Comment