[ အစ္စလာမ် ဘာသာရေး စာပေများ ]
Islam is an Abrahamic monotheistic religion based on the Quran, and the teachings of Muhammad. Adherents of Islam are called Muslims, who are estimated to number 2 billion worldwide and are the world's second-largest religious population after Christians.
The two main Islamic branches are Sunni Islam (87–90%) and Shia Islam (10–13%). While the Shia–Sunni divide initially arose from disagreements over the succession to Muhammad, they grew to cover a broader dimension, both theologically and juridically. The Sunni canonical hadith collection consists of six books, while the Shia canonical hadith collection consists of four books.
Sunni Islam, or Sunnism, is the name for the largest denomination in Islam. The term is a contraction of the phrase "ahl as-sunna wa'l-jamaat", which means "people of the sunna (the traditions of Muhammad) and the community". Sunni Islam is sometimes referred to as "orthodox Islam", though some scholars view this as inappropriate, and many non-Sunnis may find this offensive. Sunnis, or sometimes Sunnites, believe that the first four caliphs were the rightful successors to Muhammad and primarily reference six major hadith works for legal matters, while following one of the four traditional schools of jurisprudence: Hanafi, Hanbali, Maliki or Shafi'i.
Shia Islam, or Shi'ism, is the second-largest Muslim denomination. Shias, or Shiites, maintain that Muhammad's successor as leader, must be from certain descendants of Muhammad's family known as the Ahl al-Bayt and those leaders, referred to as Imams, have additional spiritual authority. Shias are guided by the Ja'fari school of jurisprudence.
For more information: https://en.wikipedia.org/wiki/Islam
အစ္စလာမ် (အာရပ်ဘာသာဖြင့်-အလ်-အစ္စလာမ် (الإسلام al-’islām ) သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အနေအထိုင်၊ အလေ့အထများ (ဆွန္နသ်) ပေါ် အခြေခံထားသော ဘုရားတစ်ဆူတည်းရှိ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်ဆိုသော စကားလုံးမှာ "ဘုရားသခင်ထံပါးတွင် ကျိုးနွံနိမ့်ချခြင်း"၊ "ငြိမ်းချမ်းမှု"၊ "ငြိမ်းချမ်းရာ လမ်းကြောင်း" ဟူ၍လည်း အဓိပ္ပာယ်ရသည်။ အစ္စလာမ်ဘာသာကို လိုက်နာကိုးကွယ်သူများအား မွတ်စလင်ဟု ခေါ်သည်။ (သို့ရာတွင် မွတ်စလင်ဘာသာဟူ၍ ခေါ်ဆိုသုံးနှုံးလျှင် မှားမည်ဖြစ်သည်။)
အစ္စလာမ်ဘာသာတွင် ဆွန်နီ(Sunni) နှင့် ရှီးအာ(Shi'a)ဟူသော အဓိကဘာသာအုပ်စုခွဲကြီး နှစ်ခုရှိပြီး၊ မွတ်စလင်အများစုသည် ထိုဘာသာအုပ်စုခွဲ နှစ်ခုအနက် တစ်ခုတွင် အဓိက ပါဝင်ပါသည်။
ဆွန်နီ မွတ်စလင်များသည် အစ္စလာမ်ဘာသာတွင် အကြီးမားဆုံးအုပ်စုဖြစ်ပြီး ၊ ကမ္ဘာ မွတ်စလင်ဦးရေ ၂.၀၄ ဘီလီယံ၏ ၇၀% ရှိသည်။ ထို့ကြောင့် ၎င်း တို့ကို “Ahle Sunnah Wal Jama'ah (ပြည်သူများ၏ ဥပဒေသ နှင့် အဓိက) “ ဟုအမည်တပ်သည်။ အာရပ်ဘာသာတွင် အက်စ်ဆွန်န (as-Sunnah ) ၏ အဓိပ္ပာယ်မှာ “ဥပဒေသ” သို့မဟုတ် “လမ်း” ဟု ဆိုသည်။ ဆွန်န (မိုဟာမက်ဘဝ၏ ဥပမာ)သည် ဆွန်နီအဆိုအမိန့်၏ အဓိကမဏ္ဍိုင်ကြီးဖြစ် သည်ဟု ကိုရန်နှင့် ဟာဒစ်ကျမ်းတို့တွင် မှတ်တမ်းတင်ထားသည်။ ဆွန်နီများသည် ပထမဆုံးသော အုပ်ချုပ်ရေး နှင့် ဘာသာရေးအဓိကခေါင်းဆောင်ကြီး (Khalifah) လေးဦးအား မိုဟာမက်အရိုက်အရာကို အမှန်အကန်ဆက်ခံသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် မည်သည့်ခေါင်းဆောင်များကိုမှ မိုဟာမက်၏ ဆက်ခံသူများအဖြစ် ပြဆိုခြင်းမရှိ ခဲ့သည့်အတွက်၊ ထိုခေါင်းဆောင်များသည် ရွေးကောက်တင်မြှောက်ခံထားခဲ့ရသူများဖြစ်မည်။ အသိအမှတ်ပြုလက်ခံထား သည် မက်ဇ်ဟဗ် (madh'habs) (အတွေးအခေါ်ကျောင်းများ) ကျောင်းလေးခုရှိသည်။ ၎င်းတို့မှာ ဟာနဖီ ၊ မာလီကိ ၊ ရှာဖီ နှင့် ဟန်ဘလီ တို့ဖြစ်သည်။ အားလုံးသော ထိုလေးခုသည် အခြား အခြားသော ခိုင်မာမှုများကို လက်ခံကြပြီး မွတ်စလင်တစ်ဦးသည် ယင်းတို့ထဲမှတစ်ခုခုကို သဘောကျနှစ်သက် သလို ရွေးချယ်နိုင်သည်။
ရှီအတ်သည် အစ္စလာမ်ဘာသာဝင်များ၏ 15% ရှိပြီး၊ ဒုတိယအကြီးမားဆုံးသော ဂိုဏ်းခွဲဖြစ်သည်။ သူတို့ သည် အီမမ်များ၏ နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင်မှုကို ယုံကြည်လက်ခံကြသည်။ အီမမ်သည် အလီအစ်ဗ်နိ အဗီတာလစ်ဘ် (Ali ibn Abi Talib) မှ ဆင်းသက်လာသူများဖြစ်ပြီး၊ ရှီအတ်များ၏ အဆိုအရ ၊ အီမမ်များသည် အစ်စမာ(ismah) ၏ အသိုက်အဝန်းတွင်ရှိကြသူများဖြစ်သည်။ အစ်စမာ၏ အဓိပ္ပာယ်သည် တရားတော်အနေဖြင့် မမှား မယွင်းနိုင်ခြင်းဖြစ်သည်။ ရှီအတ်တို့သည် အလီအစ်ဗ်နိ အဗီတာလစ်ဘ် (မိုဟာမက်နှင့် ဝမ်းကွဲတော်စပ်ပြီး သားမက်လည်း ဖြစ်သူ)ကို မိုဟာမက်အရိုက်အရာဆက်ခံသူအဖြစ် ယုံကြည်ကြသည်။ ရှေးယခင်မွတ်စလင်ခေါင်းဆောင်ကြီးများ၏ တရားဝင်သတ်မှတ်ခဲ့သည်များကို ငြင်းပယ်၍ အလီအစ်ဗ်နိ အဗီတာလစ်ဘ်ကို ပထမဦးဆုံးသော အီမမ် (ခေါင်းဆောင်)အဖြစ် ခေါ်ဆိုကြသည်။ ရှီအတ်အများစုအတွက် အီမမ်တစ်ဦးသည် ဘုရားသခင်၏ခန့်အပ်ထားမှုများဖြင့် အုပ်ချုပ်ပြီး၊ မွတ်စလင် များအတွင်းတွင် “လုံးဝစိတ်ပိုင်းဆိုင်ရာ အာဏာပိုင်“ အဖြစ် စွဲကိုင်ထားပြီး ၎င်းတို့အဆိုအမိန့်နှင့် ဟောကြားသည့်တရားသည် နောက်ဆုံးဖြစ်သည်။
အစ္စလာမ် ဘာသာ အကြောင်းလေ့လာရန် > [ ဖတ်ရှုရန် ]
အစ္စလာမ် ဘာသာဆိုင်ရာ စာအုပ်များ >>> [ ဖတ်ရှုရန်]
ကုရ်အာန်ကျမ်း နှင့် တမန်တော်မြတ်၏
သြဝါဒတော် အကျဥ်းချုပ် [ ဖတ်ရှုရန် ]
[အစ္စလာမ်သာသနာတော်] ဤစာအုပ်သည် အစ္စလာမ့်အကြာင်းအကျဉ်းချုံး၍
မိတ်ဆက်ထားသည့် အရေးပါသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ [ဖတ်ရှုရန်]
Reference Source: ကုရ်အာန်ရေးရာ ကောလိပ်
*************************************




No comments:
Post a Comment