ဘရာဇီး၊ အာဂျင်တီးနားနှင့် တောင်အမေရိကာဇုံ ရုပ်ရှင်ကားများ
Language : Portuguese | Subtitle: Burmese [ မြန်မာစာတန်းထိုး ]
Country of origin: Brazil
Filming locations: São Paulo, Brazil
To provide a better life for his family in the country, 18-year-old Mateus accepts a job in a junkyard in São Paulo for his new boss, Luca, but becomes trapped in the dangerous world of human trafficking.
Director: Alexandre Moratto
Writers: Thayná Mantesso, Alexandre Moratto
Stars: Christian Malheiros, Rodrigo Santoro, Lucas Oranmian
7 Prisoners (Portuguese: 7 Prisioneiros) is a 2021 Brazilian thriller-drama film and premiered at the 78th Venice International Film Festival on September 6, 2021. It was released on Netflix in November 2021.
Escobar: Paradise Lost [2014]
Language : English, Spanish | Subtitle: Burmese [ မြန်မာစာတန်းထိုး ]
Countries of origin : Panama, France, Spain, Belgium
Filming locations: Panama
In Colombia, a young surfer meets the woman of his dreams - and then meets her uncle, Pablo Escobar.
Director: Andrea Di Stefano
Writers: Andrea Di Stefano, Francesca Marciano
Stars: Benicio Del Toro, Josh Hutcherson, Claudia Traisac
IMDB Rating: 6.5/10
The Secret In Their Eyes [2009]
Language: Spanish | Subtitles: English [အင်္ဂလိပ်စာတန်းထိုး]
Country of Origin: Argentina
2010 Winner [Oscar: Best Foreign Language Film of the Year]
A retired legal counselor writes a novel hoping to find closure for one of his past unresolved homicide cases, and for his unreciprocated love with his superior--both of which still haunt him decades later.
Director: Juan José Campanella
Writers: Eduardo Sacheri, Juan José Campanella
Stars: Ricardo Darín, Soledad Villamil, Pablo Rago
[Warning For Adult Contents]

Language: Spanish | Country of Origin: Argentina
A daring artist explores nudity in music, pushing boundaries like never before. Anikka's bold performance brings a decade-long vision to life, merging passion and vulnerability in a groundbreaking musical experience.
Director: Gonzalo García Pelayo
Writer: Gonzalo García Pelayo
Stars: Anikka, Eddie, Martín Farina
A Fêmea do Mar (1981)
Language: Portuguese | Subtitles: English [အင်္ဂလိပ်စာတန်းထိုး]
Country of Origin: Brazil
A Fêmea do Mar (1981) Also known as: The Woman of the Sea
Language: Portuguese
Storyline
The lonely Jeruza lives in a simple isolated house by the seaside with the siblings Cassandra and Ulisses and the family survives by selling handicrafts for a local store. Her husband, Santiago, is a sailor who has been missing for many years. When the stranger Roque arrives at Jeruza's house late afternoon, he tells her that Santiago was murdered in a bar fight. Jeruza lodges Roque to spend the night and they have a one night stand. He then seduces Cassandra, who loses her virginity with him and he convinces Ulisses to have an incestuous relationship with his sister. Jeruza realizes that Roque, who has a dreadful secret, is a destructive being that is threatening her family.
The Daughters of Fire
Las hijas del fuego [2018]
Language: Spanish | Subtitles: English [အင်္ဂလိပ်စာတန်းထိုး]
Country of Origin: Argentina
Three women meet by chance at the end of the world, in Argentinian Patagonia, and set out on a polyamorous journey, caught up in the search for new kinds of relationships, far from possession and pain. They become the Daughters of Fire, a band dedicated to helping those women who look for their own path to erotica. Movie Info: https://www.imdb.com/title/tt8805374
Tiger, Blood in the Mouth [2016]
Language: Spanish | Subtitles: English [အင်္ဂလိပ်စာတန်းထိုး]
Country of Origin: Argentina
Ramón Alvia is a professional boxer who, although he has won several international championships, is old and is at the end of his career. He resists. In the gym, Ramon discovers among the young boxers Deborah, a beautiful girl.
Director: Hernán Belón
Writers: Hernán Belón, Marcelo Pitrola
Stars: Leonardo Sbaraglia, Eva De Dominici, Erica Banchi
Che [2008]
Che is a two-part 2008 epic biographical film about the Argentine Marxist revolutionary Ernesto "Che" Guevara, directed by Steven Soderbergh. Rather than follow a standard chronological order, the films offer an oblique series of interspersed moments along the overall timeline.
Director: Steven Soderbergh
Writers: Peter Buchman, Ernesto 'Che' Guevara
Stars: Julia Ormond, Benicio Del Toro, Oscar Isaac
Language: Spanish | Subtitles: Myanmar [ မြန်မာစာတန်းထိုး]
Part One is titled The Argentine and focuses on the Cuban Revolution from the landing of Fidel Castro, Guevara, and other revolutionaries in Cuba to their successful toppling of Fulgencio Batista's dictatorship two years later.
Language: Spanish | Subtitles: Myanmar [ မြန်မာစာတန်းထိုး]
Part Two is titled Guerrilla and focuses on Guevara's attempt to bring revolution to Bolivia and his demise. Both parts are shot in a cinéma vérité style, but each has different approaches to linear narrative, camerawork and the visual look.
It stars Benicio del Toro as Guevara, with an ensemble cast that includes Demián Bichir, Rodrigo Santoro, Santiago Cabrera, Franka Potente, Julia Ormond, Vladimir Cruz, Marc-André Grondin, Lou Diamond Phillips, Joaquim de Almeida, Édgar Ramírez, Yul Vazquez, Unax Ugalde, Alfredo De Quesada, Jordi Mollá, Matt Damon, and Oscar Isaac.
About Ernesto "Che" Guevara
အာနက်စတို ‘ချေ’ ဂွေဗားရား (၁၉၂၈၊ ဇွန်လ ၁၄ ရက်မွေး - ၁၉၆၇ အောက်တိုဘာ ၉ ရက် ကွယ်လွန်) အား အယ်လ်ချေ သို့ မဟုတ် ချေ ဟု အများက ခေါ်ကြသည်။ သူသည် အာဂျင်တီးနားနိုင်ငံသား မာ့က်ခ်စ်ဝါဒစွဲကိုင်သူ တော်လှန်ရေးသမား၊ ဆရာဝန်၊ စာရေးဆရာ၊ ပညာတတ်၊ ပြောက်ကျားစစ်ဆင်ရေးကျွမ်းကျင်သူ၊ သံတမန်နှင့် စစ်ရေး သီအိုရီ ဖော်ထုတ်သူ ဖြစ်သည်။ ကျူးဘားတော်လှန်ရေးတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူ၏ မျက်နှာပုံသည် ယဉ်ကျေးမှုကို ဆန့်ကျင် ပုန်ကန်သူတို့၏ ပြယုဂ်အဖြင့် နေရာအနှံ့တွေ့နိုင်ပြီး ခေတ်သစ် ယဉ်ကျေးမှု အတွက် တကမ္ဘာလုံးက လက်ခံသုံးစွဲသည့် အမှတ်အသား တစ်ခုလည်း ဖြစ်သည်။
ချေဂွေဗားရားသည် ငယ်ရွယ်စဉ် ဆေးကျောင်းသား ဘဝက လက်တင် အမေရိကတလျှောက် ခြေဆန့် ခရီးထွက်ခဲ့ပြီး ပြည်သူတို့ ဆင်းရဲတွင်းနက်နေမှုများကို တွေ့မြင်ခဲ့ရာမှ အတွေးအခေါ် များ ပြောင်းလဲလာခဲ့သည်။ ထိုခရီးစဉ်များတွင် ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုတို့အရ ဒေသအတွင်း စီးပွားဥစ္စာ မညီမျှ မှုတို့သည် အရင်းရှင်စနစ်၊ လက်ဝါးကြီး အုပ်မှု၊ ကိုလိုနီ လက်သစ် စနစ် နှင့် ပဒေသရာဇ်စနစ် တို့ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။
ထို မညီမျှမှုတို့ကို ပယ်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေး လိုအပ်သည်ဟုလည်း ယူဆခဲ့သည်။
ချေ ဂွေဗားရား(၁၉၂၈-၁၉၆၇)
မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊သံတမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ်ဆိတ်ကျင်စွယ်ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်လူငယ်များ၏ သူငယ်ကောင်းပြယုဂ်၊တောတွင်းသူပုန်ကြီး “ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့၌ မွေးဖွားသည်။ စပိန်နှင့် အိုင်းရှစ်သွေးများ ရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့် “ချီ”သည် မွေးချင်း ၅ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန် ဘိုးဘေးများ၏ သွေးများ ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။ ငယ်စဉ်ကပင် ရင်ကျပ်ပန်းနာ ရောဂါကို အကြိမ်ကြိမ်ခံစားခဲ့ရသော်လည်း “ချီ”မှာ ရေကူး၊ဘောလုံး၊ဂေါက်သီးရိုက်နှင့် သေနတ်ပစ် အားကစားတို့တွင် ထူးချွန်သည်။ စက်ဘီးစီးခြင်းကို အထူးဝါသနာထုံသူဖြစ်သည်။
ငယ်စဉ်ကတည်းက ဆင်းရဲခဲ့သူ “ချီ”မှာ အရင်းရှင်ဝါဒ၊ခေတ်သစ်ကိုလိုနီဝါဒ၊ စီးပွားရေး လက်ဝါးကြီးအုပ်ဝါဒတို့ကို အလွန်စက်ဆုပ်ရွံ့ရှာသူဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ချီဂွေဗားရားသည် ဗျူနိုအိုင်ရီတက္ကသိုလ်တွင် ဆေးကျောင်းတက်သည်။ ဆေးကျောင်းသားဘ၀ ၁၉၅၀တွင် စက်ဘီးတစ်စီးဖြင့် အာဂျင်တီးနားမြောက်ပိုင်းကို မိုင်၂၈၀၀ခန့် တစ်ကိုယ်တော်ခရီးဆန့်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် တောင်အမေရိကတိုက်အနှံ့ မိုင်ပေါင်း၅၀၀၀ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ၉ လကြာ ခရီးထွက်ခဲ့သေးသည်။
အာဂျင်တီးနား၊ချီလီ၊ပီရူး၊အီကွေဒေါ၊ကိုလံဘီယာ၊ပနားမားနှင့် ဗင်နီဇွဲလားနိုင်ငံများသို့ ရောက်ရှိခဲ့သည့် ၎င်းမော်တော်ဆိုင်ကယ်ခရီးစဉ်မှတ်တမ်းကို “မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းစ် မဂ္ဂဇင်း၏ အရောင်းရဆုံးစာအုပ်စာရင်းမှာပါဝင်ခဲ့သည်။ ချီဂွေဗာရာ၏ မျိုးချစ်စိတ်သည် သူ၏မိခင်တိုင်းပြည်၊နိုင်ငံကိုကျော်လွန်သွားသော စိတ်ဖြစ်သည်။ တောင်အမေရိကတိုက်နိုင်ငံအားလုံးကို လွတ်လပ်စေချင်သည်။ ချမ်းသာစေချင်သည်။ သူ ၏မျိုးချစ်စိတ်သည် မိခင်အာဂျင်တီးနားနိုင်ငံကို ကျော်လွန်၍သွားသော နယ်ချဲ့အရင်းရှင်ကို တော်လှန်လိုသည့် တော်လှန်ရေးစိတ်ဖြစ်သည်။
၁၉၅၃၊ ဇွန်လတွင် ဆေးပညာဘွဲ့ကိုရခဲ့သော ချီဂွေဗာရာသည် နားကျပ်ကိုစွန့်လွှတ်ခဲ့သည်။ သူ၏ရန်သူမှာသေမင်းမဟုတ်။ ဆင်းရဲမှု၊ဆာလောင်မှုနှင့် ၎င်းတို့မှအမွေခံလာသည့် ရောဂါဆိုများသည်သာ သူ၏ရန်သူဟု သတ်မှတ်သည်။ လူသားများကို ကူညီနိုင်ရေးသည် ဆရာဝန်အလုပ်ဖြင့် မဖြစ်မြောက်နိုင်။ ဒုက္ခဆင်းရဲတွင်းမှ လူအများကို ကယ်တင်နိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရေးနှင့် နိုင်ငံရေးလုပ်ငန်းများဖြင့် ဖီဆန်ရေးသည်သာလျှင် မှန်ကန်သောနည်းလမ်းဖြစ်သည်ဟု ယုံကြည်လျက် ဆေးပညာကိုလုံးဝစွန့်လွှတ်ခဲ့လေသည်။
မက္ကစီကိုစီးတီးတွင် ကက်စထရိုညီနောင်နှစ်ဦးနှင့် တွေ့ပြီး အမေရိကန်မှကျောထောက်နောက် ခံပြုထားသည့် ကျူးဘားအာဏာရှင် ဘတစ်စတာ အား ပြောက်ကျားစစ်ဖြင့် ဆန့်ကျင်ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်သူဖြစ်လာလေသည်။ ကျူးဘားတော်လှန်ရေးတွင် ကတ်စထရိုတို့အနိုင်ရပြီး ပေါ်ပေါက်လာသည့် ကျူးဘားအစိုးရသစ်တွင် အာဂျင်တီးနားမှ ချီဂွေဗာရာသည် အဓိကကျသည့် နေရာသို့ရောက်လာလေသည်။ ဂုဏ်ထူးဆောင်ကျူးဘားနိုင်ငံသား အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်း ခံရလေသည်။
[Che Guevara (center) and Fidel Castro (far left) marching to Colón Cemetery, March 5, 1960,
in Havana, Cuba, as part of a memorial service for victims of the La Coubre explosions]
ကျူးဘားနိုင်ငံ၏ တစ်နိုင်ငံလုံးစာတတ်မြောက်ရေး လှုပ်ရှားမှုကိုဦးဆောင်သူ၊ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကျူးဘားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ အကြံပေးအရာရှိချုပ်၊ ကျူးဘားနိုင်ငံ၏ ဆိုရှယ်လစ်ဝါဒကို ကိုယ်စားပြုလျက် တစ်ကမ္ဘာလုံးလှည့်လည်သွားလာခဲ့သည့် သံတမန်စသည့် အထင်ကရနေရာများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၂၊ ကျူးဘား နျူကလီးယား ထိပ်ဖူးတပ် ဒုံးလက်နက်အရေးအခင်းတွင် အဓိကကျသူတစ်ဦးဖြစ်လာလေသည်။ ထိုတင်မက ပြောက်ကျားစစ်နည်းဗျူဟာကို ပါရဂူမြောက်တတ်ကျွမ်းပြီး ကျမ်းကြီးကျမ်းကိုင်ပြုစုနိုင်သူလည်း ဖြစ်သည်။
၁၉၆၅တွင် ကျူးဘားမှထွက်ခွာပြီး မပြီးဆုံးသေးသော အရင်းရှင်တော်လှန်ရေးများအတွက် ခြေလှမ်းဆန့်ခဲ့သည်။ ဘိုလီဗီးယားနိုင်ငံတွင် ရှိနေစဉ် အမေရိကန်မှ ထောက်ပံ့ပေးထားသည့် ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၆၇၊အောက်တိုဘာလ ၉ရက်၊အသက် ၃၉နှစ်အရွယ်တွင် ပစ်သတ်ခံရသည်။
ချီဂွေဗားရားအားပစ်သတ်ခါနီးမှာ ဘိုလီးဗီးယားစစ်သားတစ်ဦးက “ဘယ်နှယ့်လဲ ကိုယ့်လူ၊ ဘယ်လိုအသက်ရှင်ရမလဲ ကြံစည်နေတာလား။”ဟုမေးသည်ကို “ငါအသက်ရှင်ဖို့ ကြံနေတာမဟုတ်ဘူးကွ။ ဒီတော်လှန်ရေးကြီးကိုဘယ်လိုရှင်သန်အောင် ဆက်လုပ်ရမလဲ စဉ်းစားနေတာ။” ဟုပြန်ဖြေခဲ့သည်။ သူ့ကို သတ်ပစ်ဖို့အမိန့်ပေးခြင်းခံရသည့်တပ်ကြပ်ကြီးတီရန်အား “ငါ့ကိုပစ်သတ်ဖို့ မင်းလာတာမဟုတ်လား။ ပစ်လေကွာ။ သူရဲဘောကြောင်နေတာလား။” ဟုပြောခဲ့သည်။ ချီဂွေဗားရားသည် သေနတ်ဖြင့် ကိုးချက်အပစ်ခံရပြီးကျဆုံးခဲ့သည်။ မကွယ်လွန်မီလပိုင်း အလိုက် ကမ္ဘာ့တိုက်ကြီးသုံးတိုက် ညီလာခံတွင် သည်လို မိန့်ခွန်းပြောခဲ့သည်။
သေခြင်းတရားကို မတုန်လှုပ်ပါနဲ့။ ရဲရဲကြီးကြိုဆိုလိုက်ပါ။ ကျွန်တော်တို့ တိုက်ပွဲများဆီက ငိုသံတွေကို သက်ဆိုင်သူတွေကြားပါစေ။ ကျွန်တော်တို့ရဲ့သေနတ်တွေကို လက်ဆင့်ကမ်းကိုင်စွဲ မယ့် နောက်လူငယ်တွေ ပေါ်လာရင်ကျေနပ်ပြီ။
သံလွင်ရောင်စစ်စိမ်းအကျီကို ဝတ်ပြီး ဘယ်ရီဦးထုပ်ကိုဆောင်းလျက် ပါးသိုင်းမွေး၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် “ချီ”၏ဓာတ်ပုံမှာ “ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံ” အဖြစ်သတ်မှတ်ခြင်းခံရသည်။ လက်ဝဲစွန်းရောက် တော်လှန်ရေးသမားများ၏ သူရဲကောင်းကြီး အဖြစ်သာမက လူအများ၏အာဇာနည်သူရဲကောင်း အိုက်ကွန်အဖြစ်သတ်မှတ်ခြင်းခံရသူဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်း၏ ၂၀ ရာစုအထင်ရှားဆုံးပုဂ္ဂိုလ် ၁၀၀တွင် ပါဝင်သည်။
အသိပေးချက် – ဤဝက်ဘ်ဆိုဒ်တွင် ရုပ်ရှင်ဖိုင်များကို တိုက်ရိုက်တင်ဆက်ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် တင်သွင်းခြင်း မရှိပါ။ ဤနေရာတွင် ပါဝင်သော အရင်းအမြစ်များနှင့် လင့်ခ်များသည် သီးသန့် အညွှန်းအဖြစ်သာ ရည်ရွယ်ပြီး မူရင်းတရားဝင် မူပိုင်ခွင့်ရှိသည့် တတိယအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများသို့ ညွှန်းပေးထားခြင်း ဖြစ်ပါသည်။ ထိုအကြောင်းအရာများ၏ တရားဝင်မှု၊ မှန်ကန်မှုနှင့် ရရှိနိုင်မှုများအပေါ် ဤဝက်ဘ်ဆိုဒ်မှ တာဝန်မယူပါ။ ဤဝက်ဘ်ဆိုဒ်မှ အကျိုးအမြတ် တစုံတရာမရရှိပါပဲ၊ အင်တာနက်မူဝါဒများအတိုင်း သက်ဆိုင်ရာ အရင်းအမြစ်များ နှင့် လင့်ခ်များသို့ ချိတ်ဆက်ထားခြင်းသာ ဖြစ်ပါသည်။
Disclaimer: This website does not host, store, or upload any movie files. All sources and links provided are solely for reference and redirect users to third-party platforms where the content is originally hosted. We assume no responsibility for the legality, accuracy, or availability of such content. We do not receive any profit from these sources, and all links are shared in accordance with applicable Internet policies.
No comments:
Post a Comment