ကွန်ဖြူးရှပ်ဝါဒ
Confucianism is a philosophical and ethical system developed from the teachings of Confucius (Kong Fuzi), a Chinese thinker and educator who lived around 551–479 BCE. It's not a religion in the typical sense (it has no god or afterlife teachings), but it deeply influences Chinese culture, politics, and society, as well as other East Asian countries.
Core Beliefs & Principles:
Ren (仁) – Humaneness or compassion; treating others with kindness.
Li (礼) – Rituals, manners, and proper behavior in society.
Xiao (孝) – Filial piety; deep respect for parents and ancestors.
Yi (义) – Righteousness or justice.
Zhi (智) – Wisdom.
Chung (忠) – Loyalty to others, especially one's ruler or community.
Key Concepts: Five Key Relationships:
Ruler & subject
Parent & child
Husband & wife
Older sibling & younger sibling
Friend & friend
Society is strongest when each person knows their role and behaves with virtue.
Education is central to moral development and social harmony.
Confucianism Today:
It is not a religion with churches or worship, but rather a moral guide for living.
It's especially influential in China, Taiwan, Korea, Vietnam, and Japan.
In modern China, it's seen as a cultural heritage and source of ethical guidance.
Please read more at here : https://en.wikipedia.org/wiki/Confucianism
တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ယဉ်ကျေးမှုများတွင် ကွန်ဖြူးရှပ်ဝါဒ အကြီးအကျယ် လွှမ်းမိုးခြင်း ခံရသည်။ ထို့အပြင် တရုတ်လူမျိုးများ အခြေချနေထိုင်လေ့ ရှိသော စင်ကာပူနိုင်ငံ ကဲ့သို့သော နိုင်ငံများတွင်လည်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးခြင်း ခံရသည်။ ကွန်ဖြူးရှပ်၏ ဝါဒကို လိုက်နာကျင့်သုံးသော သူပေါင်း ၁.၅ ဘီလီယံမျှ ရှိမည်ဟု ခန့်မှန်းရသည်။
ကွန်ဖြူးရှပ်ဝါဒ (Confucianism) သည် တရုတ်ပညာရှင်ကြီး ဖြစ်သော ကုန်ဖူစီ (Kong Fuzi / 孔子) မှ သက်တမ်း ~၂၅၀၀ ကျော်အကြာက ဖွံ့ဖြိုးခဲ့သော လူမှုရေးနှင့် ဗဟုသုတအကြောင်းအယူဝါဒ တစ်ခုဖြစ်သည်။
ဤဝါဒသည် ဘုရားရှိခြင်း၊ နာတာပေါ်အယူအဆများမပါဝင်သော်လည်း၊ တရုတ်နိုင်ငံနှင့်အရှေ့အာရှနိုင်ငံများ၏ ယဉ်ကျေးမှု၊ အုပ်ချုပ်မှု၊ ပညာရေး အပေါ် တော်တော်များများ သက်ရောက်မှုရှိသည်။
🔹 အဓိကအယူအဆများ
仁 (Ren) – လူမှုချင်းသာယာစေခြင်း၊ သနားကြင်နာမှု။
礼 (Li) – ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာ၊ အမူအကျင့်အမှန်။
孝 (Xiao) – မိဘနှင့်အဘိုးအဘွားတို့ကို ဂါရဝပြုမှု။
义 (Yi) – တရားမျှတမှု။
智 (Zhi) – ဉာဏ်ပညာ။
忠 (Chung) – သစ္စာရှိမှု။
ကွန်ဖြူးရှပ်ဝါဒ (Confucianism) သည် ဘာသာရေးဖြစ်ခြင်းထက် ပညာရှင်၏လမ်းညွှန်အဖြစ် ယုံကြည်ကြသည်။ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်နှင့် ဂျပန်တို့တွင် ယဉ်ကျေးမှုထဲတွင် အထင်ကရရှိနေသည်။
ယနေ့တရုတ်တွင် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ရှေးခေတ်အခေါ်အအေးကဲ့သို့ အသုံးပြုနေကြသည်။
ကွန်ဖြူးရှပ် (ရှေးခေတ်နာမည်ကြီးတရုတ်တွေးခေါ်ပညာရှင်တစ်ဦး) အကြောင်း
တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (孔夫子 သို့ '孔子၊ Confucius) (ဘီစီ ၅၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ရှန်တုန်ပြည်နယ် (山東 Shandong) ရှိ လူ (魯 Lu) နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက် လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက် အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။
#ကွန်ဖြူးရှပ်(ဘီစီ ၅၅၁-၄၇၉)
နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လူအစိုးရက ရာထူးကြီးပေးကာ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင် နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ (အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။
ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ (Koung Fu Zi) ဟု အနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်၀သူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပာယ်ရသည်။
ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေး အသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြ ဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြသည်။
ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံ မင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲတွင် ဖြေဆိုရန် ပြဋ္ဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄ အုပ်၊ ၅ ကျမ်း (四書五經) ခေါ်သည့် (စာအုပ်အားဖြင့် ၄ အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊ လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။
သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန် (漢 Han) မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။
နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်း (毛澤東) ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး (文化大革命)ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။ အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊ ၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
The Confucianism
ကွန်ဖြူးရှပ်ဝါဒကို နားလည်ခြင်း
Please read at here [PDF File]


No comments:
Post a Comment